အခန်း (၄)
တကယ်တော့ ကျွန်တော် အသံတိတ် ဘေးက လိုက်လာရတဲ့ အချိန်က ခဏလေးပါပဲ ။
ခဏနေတော့ CEO က အိမ်တစ်အိမ်အရှေ့မှာ ကားကို ထိုးရပ်လိုက်တယ် ။
ပြီးတော့ အေးစက်စက် ပြောလိုက်တယ် ။" ကားနောက်ခန်း ပြောင်းထိုင်တော့... "
" ဟုတ်... "
ငါလည်း အချိန်ဆွဲမနေတော့ဘူး ။
အဓိကဇာတ်ဆောင် ရဲ့ အရှိန်အဝါက ကြီးလွန်းတော့ ငါ့မှာ အသက်ကိုတောင် ပြင်းပြင်း မရှူရဲခဲ့ဘူးလေ ။နောက်မှ ငါသိလိုက်ရတာက CEO က အဓိကဇာတ်ဆောင်မင်းသမီးကို Badminton တူတူ ဆော့ဖို့ ကားနဲ့လာခေါ်တယ် ဆိုတာပဲ ။
အေးပေါ့... အဓိက ဇာတ်ကြောင်းကတော့ ဘယ် သွေဖယ်သွားပါ့မလဲ ။အဲ့အချိန် ငါ့ messenger မှာ စာဝင်လာတယ် ။
ဟိုခွေးကောင် System ဆီကစာ ။" အမှန်ဆို မူလဇာတ်ကြောင်းအရဆိုရင် အဲ့နေ့မှာ မင်းတို့ မောင်နှမက အနှင်ထုတ်ခံရပြီး မင်းသားနဲ့ မင်းသမီးတို့က ချစ်သူ ဖြစ်သွားရမှာ... "
" ဒါဆိုလည်း ဖြစ်လိုက်ကြလေ... ဘာလို့ မဖြစ်သေးတာလဲ.... "
" သောက်ပေါ မေးခွန်းတွေ မေးမနေနဲ့... အဓိက ဇာတ်ကွက်ကို သွေဖယ်အောင် လုပ်လိုက်တာ ဘယ်သူတုန်း... "
အင်းလေ... အားလုံးက ငါ့ သောက်ပြစ်တွေပါပဲလို့ ငါ စိတ်ပျက်လက်ပျက် တွေးလိုက်တယ် ။
" ဒါပေမယ့် မင်းမှာ ကြိုးစားဖို့ အချိန် ရှိပါသေးတယ်... CEO နဲ့ အဓိကဇာတ်ဆောင် မင်းသမီး မကြိုက်အောင် မင်း ကြိုးစားလို့ ရသေးတယ်လေ... "
" အကယ်၍ CEO နဲ့ အဓိကဇာတ်ဆောင် မင်းသမီး ကြိုက်သွားရင် ဘာဖြစ်မှာလဲ... "
" အဲ့တာဆိုရင်တော့ မင်းက ဒီဇာတ်လမ်းထဲကနေ ထွက်လို့ မရတော့ဘဲ တစ်သက်လုံး CEO ရဲ့ အခိုင်းအစေခံ ဘဝနဲ့ပဲ နေသွားရမှာ... "
" ဘာ... ယုတ်မာလှချည်လား... "
ငါ ဒေါသကို မထိန်းနိုင်ဘဲ စာရိုက်နေရင်းက ပါးစပ်ကပါ ထအော်မိသွားတယ် ။
CEO က ငါ့ကို ကား ဘက်မှန်ကနေ လှမ်းကြည့်တယ် ။
ပြီးတော့ မျက်မှောင်ကျုံ့ပြီး အေးစက်စက် ပြန်ပြောတယ် ။
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...