အခန်း (၁၉)

2.5K 173 12
                                    

အခန်း (၁၉)

ငါက သူ့အကြံကို လက်မခံဘူး ဆိုတာက်ို ဝေဦးက ကြိုတွက်ထားတဲ့ပုံပဲ ။
သူက အပိုင် သေချာနေတဲ့ အသံနဲ့ ငါ့ကို မေးလာတယ် ။

" အော်... ဒါဆိုရင် ကိုဆတ်ရိပ်ထင် မှာ ​ပိုကောင်းတဲ့ အကြံဉာဏ် ရှိလို့ပဲ နေမယ်... ဟုတ်တယ် မဟုတ်လား... သူ့ဆီက ကိတ်မုန့်ကလေး လုရုံလောက်ဆိုရင် အရမ်း သက်ညှာသလို ဖြစ်နေမှာပေါ့ ... ဒီတစ်ခါတော့ ဟိုတစ်ခေါက်ကလို မဖြစ်ရအောင် အပိုင်အကြံထုတ်တော့မှာ မဟုတ်လား... "

ဘာနေနေ ငါ့ကို အထင်ကြီးနေတဲ့ ဝေဦးကိုလည်း ငါ နည်းနည်း စိတ်ညစ်လာတယ် ။
ဒီကောင့် ခေါင်းထဲက ဗီလိန်အကြံအစည်တွေ လျော့သွားအောင် ဒီကောင့်ကိုငါ လင်ပေးစားမှရမယ်လို့ပဲ တွေးနေမိတယ် ။
အခုလက်ရှိတော့ ဒီကောင်နဲ့ ပေးစားဖို့အတွက် ငါ့အတွေးထဲမှာ သင့်တော်တဲ့သူက ညီသုတက လွဲရင် မရှိဘူး ။

" အေးပါကွာ... နောက်အပတ်မှ မဟုတ်လား... အချိန်တွေ လိုသေးတာပဲဟာကို... ငါ အကြံအစည်ကြီး ကြံစည်ဖို့ လိုလာရင် မင်းကို ပြောမယ် ဟုတ်ပြီလား... "

" သေချာပေါက် ပြောရမှာပေါ့ ကိုဆတ်ရိပ်ထင် ရ... ကိုဆတ်ရိပ်ထင် ရဲ့ မဟာဗီလိန်အကြံအစည်တွေမှာ ကျွန်တော် မပါလို့ ဖြစ်ပါ့မလား... "

ငါလည်း ဗီလိန်အရမ်းဖြစ်ချင်နေတဲ့ ဝေဦးကိုပဲ အံ့သြနေမိတော့တယ် ။

နောက်တစ်နေ့ရောက်တော့ CEO က ငါ့ကို တကယ်ကြီး လာကြည့်လေတယ် ။
CEO နဲ့ တူတူ သူ့အတွင်းရေးမှူးဖြစ်တဲ့ ညီသုတ ပါ ပါလာသေးတယ် ။

" ကိုဆတ်ရိပ်ထင်... မနေ့ညက ပို့စ်လည်း အရမ်း ပေါက်သွားတယ်နော်... သိလား... ဟီးဟီး... "

" နေစမ်းပါဦး... အဲ့ပုံက မင်းတို့ဘယ်လိုရသွားရတာလဲ... "

" အဲ့ကလပ်မှာလည်း ကိုဆတ်ရိပ်ထင် တို့ အတွဲကို support နေတဲ့ အမာခံ ဖန်တွေ ရှိတယ်လေ... သူတို့တွေဆီက အဲ့ပုံတွေ ရလာတာ... "

" အဲ့တာနဲ့ပဲ Caption ကိုကျတော့ တပ်ချင်သလို တပ်ပြီးတော့ ပို့စ်ကို တင်လိုက်ကြတာပေါ့လေ... "

ငါ တံခါးဖွင့်ပေးလိုက်တာနဲ့ ညီသုတက ငါ့အနား ကပ်လာပြီး တိုးတိုးတိုးတိုးနဲ့ တွတ်ထိုးလေတော့တာ​ဖြစ်တယ် ။
ငါတို့ ပြော​နေကြတာကို CEO က လှမ်းကြည့်ပြီး မေးလာတယ် ။

How to Flirt with a CEO (Completed)Where stories live. Discover now