အခန်း (၄၃)

2.6K 179 15
                                    

အခန်း (၄၃)

စံလင်းသစ် တစ်ယောက် နည်းနည်းတော့ ဒုက္ခ တွေ့နေပြီ ဖြစ်တယ် ။
သူ့ခမျာ အပေါ်ပိုင်းမှာ တွယ်တက်နေတဲ့ မျောက်လောင်း ကျော်လင်းည ကို တွန်းချနေရတဲ့အပြင် အောက်ပိုင်းမှာ ထကြွ ခေါင်းထောင်လာတဲ့ သူ့ညီလေးကိုလည်း ပေါင်ကြားထဲ ညှပ်ထားပြီး ထိန်းသိမ်းနေရပြန်တယ် ။
အခြေအနေကြီးက ကကျိုးကကြောင် နိုင်လှလေတယ် ။
သူ့အားနည်းချက်က နို့သီးခေါင်းကို ထိတာပဲ ဆိုတာကိုလည်း သူ့ဘာသာသူ သဘောပေါက် နားလည်သွားရတယ် ။

" မရဘူး ... နို့စို့မယ်... နို့စို့မယ်... "

အရေးထဲ မျောက်လောင်းက နို့ငတ်လို့ သေထားတဲ့ မသာ ကျနေရောပဲ ။
သူ့အားနည်းချက်က နို့သီးခေါင်းပါဆိုမှ ဟိုကလည်း အဲ့နေရာကိုပဲ အကြိမ်ကြိမ် ဆွဆွနေလေတယ် ။

" ကျော်လင်းည... ငါ ပြောမယ်နော်... မင်း အပြုအမူကို အခုရပ်လိုက်တော့... မဟုတ်လို့ရှိရင် မင်း ငါ့ကို အဆိုးမဆိုနဲ့.... "

စံလင်းသစ် က နောက်ဆုံးအနေနဲ့ သတိပေးစကားပြောလိုက်တယ် ။
ဒါပေမယ့် ကျော်လင်းည ရဲ့ လက် ကစားမှုကတော့ ရပ်တန့်မသွားဘူး ။

" ဘာလို့ ရပ်ရမှာလဲ... အိကျိအိကျိ မာဆတ်ဆတ်လေးနဲ့ ဒီလောက် ကိုင်လို့ကောင်းတဲ့ဟာကို... မကိုင်ဘဲ နေရအောင် ငါက အရူးမို့လို့လား... "

ကျော်လင်းည က မရပ်တန့်ဘဲ ပိုတောင် ဆိုးလာသေးတယ် ။
ဒီမျောက်လောင်း က မူးလာရင် ဒီလောက် သွေးဆိုးမယ်ဆိုတာ ဘယ်သူက ထင်ထားမှာလဲ ။
အဲ့လိုမှန်းသာ သိခဲ့ရင် သူ အစထဲက အဲ့ ကျန်ရစ်ကောင်ကို စာနာပြီး အရက်တူတူသောက်ဖို့ အဖော်စပ်ခဲ့မိမှာ မဟုတ်ဘူး ။

" အိုကေလေ... မင်းက မရပ်ဘူး ဆိုတော့ ငါ့ကို အဆိုးမဆိုနဲ့တော့... "

စံလင်းသစ် သူ့ပေါင်ကြားထဲ အတင်းညှပ်ထားတဲ့ ညီလေးကို လွတ်လွတ်လပ်လပ် ပြန်ထုတ် ထားလိုက်တယ် ။
အဲ့အရာက အစွမ်းကုန် ထောင်မတ်ခြင်းကို ရောက်နေပြီ ။
သွေးကြောတွေတောင် ပေါက်ထွက်သွားမတက်ပဲ ။

စံလင်းသစ် ကျော်လင်းည ကို အားအကုန်သုံးပြီး ချီလိုက်တယ် ။
ပြီးတာနဲ့ သူ့ကိုယ်က ခွာပြီး ကုတင်ပေါ်ကို ပစ်တင်လိုက်တယ် ။
ကျော်လင်းည က ကုတင်ပေါ်ကို ပက်လက်ကလေး ပစ်လဲကျသွားတယ် ။

How to Flirt with a CEO (Completed)Where stories live. Discover now