အခန်း (၃၃)
CEO ရဲ့ စားမလို ဝါးမလို ရုပ်ကြီးက ငါ့ကို အနေခက်စေတယ် ။
ငါ တစ်ခုခု ပြန်ရှင်းပြဖို့ ကြိုးစားလိုက်တယ် ။
ဒါပေမယ့် ငါ ရှင်းပြဖို့ ကြိုးစားတုန်းမှာပဲ ငါ့ဖုန်းဝင်လာတယ် ။
ကြည့်လိုက်တော့ ကျော်လင်းည ငါ့ကို ဆက်တာ ဖြစ်နေတယ် ။" ကိုကြီး... ညီ့ကို လာခေါ်ပါဦး... ဒီမှာ အပေါက်စောင့်က ညီ့ကို ဝင်လို့မရဘူး ပြောနေတယ်... "
ဟိုဘက်က " ငါ အပေါက်စောင့် မဟုတ်ဘူးကွ " လို့ ကိုစံလင်းသစ် ဆီက အော်တဲ့အသံကို ကြားလိုက်ရတယ် ။
ငါလည်း မဝင်စေချင်တာက ထိန်လျှံဝဠာ ၊ မဝင်ရတာက ကျော်လင်းည ဖြစ်နေတော့ ရယ်ချင်သွားမိတယ် ။အဲ့တာနဲ့ပဲ ကိုစံလင်းသစ် ကို ဖုန်းဆက်ပြီး ကျော်လင်းည ကိုတော့ ပေးဝင်လိုက်ပါလို့ ပြောလိုက်ရတယ် ။
ပြီးတော့ ကိုစံလင်းသစ် ကိုလည်း အဲ့မှာ မစောင့်နေတော့ဖို့ ပြောလိုက်တယ် ။
ကျော်လင်းည ပြောသလိုဆို ငါက ကုမ္ပဏီ က ဒါရိုက်တာ အဖွဲ့ဝင်ကြီး တစ်ယောက်ကို အပေါက်စောင့်ဖို့ ခိုင်းထားမိသလို ဖြစ်သွားတာ မဟုတ်ဘူးလား ။ကိုစံလင်းသစ် က ပြန်ရောက်လာတော့ အပေါက်ဝမှာ သခင်ငယ်လေး ကို မဝင်ရအောင် စောင့်မယ့်လူ မရှိတော့ဘူး ။
ဒါပေမယ့် ကိစ္စ မရှိပါဘူး ။
အခုပဲ အချိန်က အတော်နှောင်းနေပြီပဲ ။
ခဏနေဆိုရင်ပဲ ပြီးတော့မှာ ဆိုတော့ သခင်ငယ်လေးလည်း ဝင်မလာလောက်တော့ပါဘူး ။ငါလည်း ထိန်လျှံဝဠာ အကြောင်းကို ဆက်တွေးမနေတော့ဘဲ CEO ဘက်ကို လှည့်ပြီး ခုနက ပြောလက်စ စကားကို ဆက်ပြောလိုက်တယ် ။
" CEO... ကျွန်တော့် သူငယ်ချင်း ကို ကုမ္ပဏီ မှာ ခန့်မယ် မဟုတ်လားဟင်..."
ငါက စိတ်အားထက်သန်စွာ မေးနေတဲ့ အချိန်မှာ အနောက်မှာ ဘယ်တုန်းက ရောက်လာမှန်း မသိတဲ့ ကျော်လင်းည က ပေါ်လာတယ် ။
ပြီးတော့ ဒင်းက နားစွန်နားဖျား အကြားနဲ့ အတင်း ဝင်ပြောလာတယ် ။" ကိုကြီး သူငယ်ချင်း ကိုနိုင်ထူးသွင် အလုပ်လိုလို့လား... ကျွန်တော့် ကုမ္ပဏီ မှာ ခန့်ပေးမယ်လေ... အေးဆေးပဲ... ကိုကြီးလည်း ပြောင်းလာခဲ့လို့ ရတယ်... "
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...