အခန်း (၅၃)
မကြာခင်မှာပဲ အခန်းတံခါးက ပွင့်လာတယ် ။
ငါထင်တဲ့အတိုင်းပဲ အခန်းထဲကို ဝင်လာတာက ကျော်ဆင့်ပဲ ဖြစ်တယ် ။
ကျော်ဆင့်က အောင်နိုင်သူ အပြုံးနဲ့ ပြုံးပြီး ဝင်လာတာဆိုပေမယ့် ငါ့မျက်စိထဲမှာတော့ ဒီကောင် က သောက်ပေါ ငကြောက် တစ်ကောင် သာသာပဲ ရှိတယ် ။ကျော်ဆင့် က သူဝင်လာတာကို မြင်တော့ ငါတို့ကို အံ့သြ သွားစေချင်ပုံရတယ် ။
ဒါပေမယ့် ငါနဲ့ ဇာတ်ညွှန်းဆရာက ကြိုသိထားပြီးသားဆိုတော့ ဘာမှ အံ့သြမနေကြဘူး ။
တစ်ချက် ကြည့်လိုက်ပြီး နှစ်ယောက်သား " သြော် " ဆိုတဲ့ တစ်ခွန်းပဲ ရွတ်ပြီး မျက်နှာ ပြန်လွှဲသွားလိုက်ကြတယ် ။အဲ့မြင်ကွင်း ကို မြင်တော့ ကျော်ဆင့် အရမ်း စိတ်ဆိုးသွားတယ် ။
အမှန်ဆို သူ ဝင်လာတာကို မြင်တာနဲ့ တအံ့တသြ ဖြစ်သွားကြရမှာလေ ။
ပြီးတာနဲ့ သူ့ကို နိုင်ထူးသွင် နဲ့ ဆတ်ရိပ်ထင်တို့က ငိုယိုပြီး တောင်းပန်ကြရမှာလေ ။
သူက နည်းနည်းပါးပါး ဒီကောင်တွေကို ပညာပေးလိုက်မယ် ။ပြီးတော့ သူ အခု ပြန်ပေးဆွဲလာတဲ့ နေရာက အရမ်း လုံခြုံတဲ့ နေရာ ။
ဘယ်သူမှ တွေ့နိုင်လောက်မှာ မဟုတ်တဲ့ နေရာ တစ်ခု ။
အဲ့တော့ ဟို ထိန်လျှံဝဠာ တို့ ညီအစ်ကိုက သူ့ကို ဒီနှစ်ယောက်ကို ပြန်ထုတ်ပေးပါဆိုပြီး ဒူးထောက်ပြီး တောင်းပန်လာကြလိမ့်မယ် ။
အဲ့အခါကျမှ သူက အဲ့ညီအစ်ကို ကိုပါ ပညာနည်းနည်းပါးပါး ပေးပြီး ဒီနှစ်ကောင်ကို ပြန်လွှတ်ပေးလိုက်မယ်ပေါ့ ။" မင်းတို့တွေ ငါ့ကို မြင်တာတောင် မအံံသြသွားကြဘူးလား... ဟမ်... "
နောက်ဆုံးတော့ ကျော်ဆင့် မနေနိုင်တော့ဘဲ မေးပါ မေးယူရတော့တယ် ။
ငါက ကျော်ဆင့်ကို ခပ်တည်တည်ပဲ ကြည့်လိုက်တယ် ။
ပြီးတော့ အေးအေးဆေးဆေး ပဲ ပြန်ဖြေလိုက်တယ် ။" ငါသိတဲ့ လူတွေထဲမှာ ဒီလို သောက်ကျင့်မကောင်းတဲ့ အကောင်ဆိုလို့ မင်းပဲ ရှိတာလေ... အဲ့တော့ ငါ့အနေနဲ့ အထူးတလည် အံ့သြနေစရာ မလိုဘူး မဟုတ်လား... "
ငါ့ ပြောစကားကြောင့် ကျော်ဆင့်ရဲ့ မျက်နှာကြီး မည်းကနဲ ဖြစ်သွားတယ် ။
ကျော်ဆင့်ရဲ့ ဖြစ်သွားတဲ့ ပုံကို ကြည့်ရင်း ငါကော ဇာတ်ညွှန်းဆရာကော နှစ်ယောက်လုံး ပြုံးဖြီးဖြီးကြီးတွေ ဝမ်းသာအားရ ဖြစ်သွားကြတယ် ။
YOU ARE READING
How to Flirt with a CEO (Completed)
Romansဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...