အခန်း (၂)
ဒီဇာတ်လမ်းထဲမှာ ငါ့နာမည်က ဆတ်ရိပ်ထင် တဲ့ ။
ဘယ်လိုနာမည်ကြီးမှန်းမသိသလို ဘာအဓိပ္ပါယ်နဲ့ ပေးထားမှန်းလည်း မသိဘူး ။
ကြည့်ရတာ ဗီလိန်ဇာတ်ကောင်ဆိုတော့ ဇာတ်ညွှန်းဆရာက ကြုံရာနာမည်တစ်ခု ပေးလိုက်ပုံပဲ ။အဓိကဇာတ်ဆောင် မင်းသားရဲ့နာမည်က နေလျှံအာကာ တဲ့ ။
သူ့နာမည်ကျတော့ အပျံစား ... ကောင်းကင်ပေါ်က မဆင်းတဲ့ နာမည်မျိုးပါလား ။ငါ့ညီမကတော့ တစ်ညနေလုံး ငိုတယ် ။
အလုပ်ထုတ်ခံရတာထက် သူ အနိုင်ကျင့်ရမယ့်လူ မရှိတော့လို့ ငိုတယ်လို့တော့ ငါထင်တာပဲ ။" အကို... နင်က ငါငိုတာကို ဒီတိုင်းကြည့်နေတော့မှာလား... "
" ငါက ဒီတိုင်းမကြည့်လို့ ဘာလုပ်ပေးရမှာလဲ ... နင်မွှေလို့ ငါလည်း အခုဆို တောက်တိုမယ်ရ ဘဝကို ရောက်ပြီလေ... "
အမှန်တော့ ငါက ဒီဇာတ်လမ်းထဲကနေ
ထွက်ချင်နေတာ ။
ငါ့ရဲ့ မူလကမ္ဘာကို ပြန်သွားချင်နေပြီ ။
ဒါပေမယ့် ဘယ်လိုသွားရမှန်း ငါ အခုထိ မသိသေးဘူး ။" ဒါနဲ့... ဒါနဲ့ ... နင်ကော ငါ့လိုပဲ တခြားကမ္ဘာက လာတာလား... "
ကျွန်တော် ခပ်တုံးတုံး မေးခွန်းကို ဗီလိန်မ ဖြစ်တဲ့ ညီမဖြစ်သူကို မေးမိလိုက်တယ် ။
" အကို... နင် အလုပ်ထုတ်ခံရလို့ ရူးသွားတာလား... "
နောက်ဆုံးတော့ အဲ့ငတိမလေးဆီမှာ အရူးဆိုပြီး ပြန်အနှက်ခံလိုက်ရလို့ ငါ နည်းနည်းတော့ စိတ်တိုသွားတယ် ။
နောက်ဆို ငါ ဒီဘက်ကမ္ဘာကို တခြားကမ္ဘာကနေ ရောက်လာတယ်ဆိုတဲ့အကြောင်း ဘယ်သူ့ကိုမှ မပြောတော့ဘူး ။ငါ့အခန်းထဲကို ငါဝင်လိုက်တယ် ။
ဒီကမ္ဘာနဲ့ ပတ်သတ်တဲ့ မူလ ဗီလိန်ကောင်ရဲ့ မှတ်ဉာဏ်တချို့ ငါ့မှာ ရှိနေလို့ တော်သေးတယ်လို့ ပြောရမယ် ။ငါ အပျင်းပြေ ဖုန်းကိုပွတ်နေလိုက်တယ် ။
ဒီ မူလခန္ဓာကိုယ်က ဗီလိန်ကောင်ဟာလည်း သနားစရာကောင်းပါတယ် ။
ဟိုဘက်ကမ္ဘာက ငါ့လိုပဲ... သူလည်း FA ပဲ ။
ခုထိ ရည်းစားမရှိသေးဘူး ။
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...