အခန်း (၃၅)

2K 149 8
                                    

အခန်း (၃၅)

ငါလည်း မန်နေဂျာ ပြန်ဖြစ်သွားပြီ ဆိုပေမယ့် ငါ့ အလုပ်စားပွဲကို CEO က သူ့အခန်းထဲ ရွှေ့ထားလိုက်တယ် ။
အစကတော့ နည်းနည်း အံ့သြသွားပေမယ့် ငါ့အနေနဲ့ ဘာမှ စောဒက တက်စရာ မရှိဘူး ။
ပြောရမယ် ဆိုရင် ငါက ပိုတောင်မှ ကြိုက်သေးတယ် ။
CEO နဲ့ နီးနီးကပ်ကပ် နေရတာ မဟုတ်လား ။

အဆင်မပြေတာက ဝေဦးနဲ့ ညီသုတတို့ပဲ ။
အရင်ကဆို ငါက လက်တိုလက်တောင်း ရာထူးဆိုတော့ နေစရာနေရာ အတည်တကျ မရှိခဲ့ဘူးလေ ။
အဲ့တော့ ငါ့မှာ ဝေဦး အလုပ်စားပွဲသွားနေလိုက် ညီသုတ အလုပ်စားပွဲ သွားနေလိုက်နဲ့ ကြုံသလို ကျပန်း နေခဲ့ရတာ ။
အခုကျတော့ ငါက ငါအလုပ်စားပွဲနဲ့ငါ ပြန်ဖြစ်သွားပြီ ။

ဒါပေမယ့် မနေနိုင်တဲ့ ဝေဦးနဲ့ ညီသုတို့က ငါ့အလုပ်စားပွဲကို ခဏခဏ လာကြတယ် ။
အလုပ်နဲ့ မရင်းနှီးသေးတဲ့ ဇာတ်ညွှန်းဆရာ ကလည်း ငါ့စားပွဲဆီကို မကြာမကြာ လာတယ် ။
အဲ့တော့ CEO အခန်းကြီးက သာလယံ ဇရပ်ကြီးလို ဖြစ်နေရော ။
ငါ CEO ကို အားနာပေမယ့် သူတို့ကိုလည်း မောင်းထုတ်လို့ မရဘူး ဖြစ်နေတယ် ။

CEO ကတော့ တစ်နေကုန် စိတ်ကြည်ပုံ မပေါ်ဘူး ။
ငါ့အခန်းထဲ တစ်ယောက် ဝင်လာလိုက် ၊ သူက စိုက်ကြည့်လိုက် လုပ်နေတာ ။
ဒါပေမယ့် ထူးဆန်းတယ် ။
အရှိန်အဝါကြီးပြီး အားလုံး ကြောက်ရတဲ့ CEO ကြီးက စူးစိုက် ကြည့်နေတာကို ဝေဦးရော ညီသုတရော နိုင်ထူးသွင် ရော သုံးယောက်လုံးက အဖတ်တောင် မလုပ်ကြဘူး ။
ငါက သူတို့ မကြာခဏ ဒီလို လာရင် သူတို့ကို CEO ဆူမှာဖြစ်ကြောင်း ပြောလိုက်တယ် ။

" အေးဆေးပါ... ကိုဆတ်ရိပ်ထင် တစ်ယောက်လုံး ရှိနေတာပဲ... CEO က ကျွန်တော်တို့ကို ဆူမှာ မဟုတ်ပါဘူး.... "

ဝေဦးကော ညီသုတကော ဆီကနေ တစ်ပြိုင်ထဲ ထွက်လာတဲ့စကားဖြစ်တယ် ။
ဒင်းတို့က ငါ့အားကိုးနဲ့ လူမိုက်လုပ်နေကြတယ်လို့ ငါ ခံစားရတယ် ။

" ငါ့ကို ဆူလို့ မရပါဘူး... ငါ့ကိုဆူရင် ကိုစံလင်းသစ် က ခံနေမှာ မဟုတ်ဘူး... "

နိုင်ထူးသွင် ဆိုတဲ့ ဟာကတော့ အဆိုးဆုံးဖြစ်တယ် ။
သူ့ကိုယ်သူ ဒါရိုက်တာရဲ့ အကာအကွယ် ရထားတယ် ဆိုပြီးတော့ လင်ဂုဏ်မောက်နေတာ ။
ဒင်းက ဖြစ်ချင်းဖြစ်ရင် ဒါရိုက်တာ ကတော်လောက်ပဲ ဖြစ်မှာ ။
ငါကမှ CEO ကတော် ဖြစ်မှာ ။
အဲ့ကျမှ ငါက ဒင်းကို အနိုင်ကျင့်ပြလိုက်ဦးမယ်ဆိုပြီးတော့ သောက်မြင်ကပ်ကပ်နဲ့ ဗီလိန်ဆန်ဆန်တောင်မှ တွေးမိသွားသေးတယ် ။

How to Flirt with a CEO (Completed)Where stories live. Discover now