အခန်း (၅၂)

2.3K 157 9
                                    

အခန်း (၅၂)

အမှန်ဆို ကိုစံလင်းသစ် က ဒီမြို့မှာ ရှိနေတာ မှ မဟုတ်တာ ။
အဲ့တော့ ကိုစံလင်းသစ် ကို ခေါ်လိုက်တာ က ငါတို့အတွက် ဘာမှ အသုံးမဝင်လောက်ဘူးဆိုတာ ငါသိတယ် ။
ဒါပေမယ့် ဖုန်းပိုင်ရှင်က ကျော်လင်းည မဟုတ်လား ။
အဲ့တော့ ငါတို့နှစ်ယောက်က သူ့အလိုအတိုင်း လိုက်ပြီး သူဖုန်းပြောတာကို စောင့်ပေးရသေးတယ် ။

" ဟဲလို... ကိုစံလင်းသစ် လား... ကျွန်တော် ကျော်လင်းည ပါ... "

" ကျော်လင်းည.... မင်း ငါ့ကို ဖုန်း ထပ်ဆက်စရာ မလိုတော့ဘူးလို့ ပြောထားတယ် မဟုတ်လား... ဒါနဲ့ နေပါဦး.. မင်းက ငါ့ကို အစက တစ်နာရီခြားတစ်ခါလောက် ဖုန်းဆက်နေပြီး အခု မဆက်တော့တာ လေးနာရီလောက် ရှိနေပြီနော်  ... ဘာဖြစ်လို့လဲ... အဆင်ပြေရဲ့လား... "

ကိုစံလင်းသစ် ရဲ့ စကားကြောင့် ငါ့ နှာခေါင်းထဲမှာတောင်  အချစ်ရဲ့ အနံ့တစ်မျိုး ရချင်ချင် ဖြစ်သွားတယ် ။
ကျော်လင်းည ကတော့ ပါးစပ်ကြီး ဖြီးပြီး ပြုံးနေပြီ ။
သူ့ကိုယ်သူ ပြန်ပေးဆွဲခံနေရတယ် ဆိုတာကိုတောင် မေ့နေပြီလား မသိဘူး ။

" ကိုစံလင်းသစ် က ကျွန်တော့်ကို စိုးရိမ်နေတာပေါ့နော်... ဟုတ်လား... "

" ဟို... စိုး... စိုးရိမ်တယ် လို့လည်း ဘယ်ဟုတ်ပါ့မလဲကွ... မင်း ဖုန်းကိုတော့ ငါ ဆက်ကြည့်သေးတယ်... စက်ပိတ်ထားတယ်လို့ပဲ ​ဖြေနေတယ်... "

ကျော်လင်းည ရဲ့ တစ်နာရီခြားတစ်ခါ ဖုန်းဆက်တဲ့ ဗျူဟာက အောင်မြင်သွားတယ်လို့ ပြောလို့ရတယ် ။
အခုဆိုရင် ကိုစံလင်းသစ် က ကျော်လင်းည ကို စိုးရိမ်တတ်နေပြီပေါ့လေ ။
ဒါက ငါ့အတွက် တော့ သိပ်မကောင်းတဲ့ သတင်းပဲ ။
ငါက ကိုစံလင်းသစ် ကို ဇာတ်ညွှန်းဆရာနဲ့ သဘောတူထားတာလေ ။

" အခု ကျွန်တော်တို့ ပြန်ပေးဆွဲခံထားရတယ် ကိုစံလင်းသစ်... ဖုန်းကိုလည်း သိမ်းသွားတယ်... ဒါက လက်မှာ ပတ်ထားတဲ့ smart watch နဲ့ ပြောနေတာ...  "

" ဟင်... တကယ်လား... မင်း အဆင်ပြေရဲ့လား... ဘာဖြစ်သွားသေးလဲ ... "

ကိုစံလင်းသစ် ရဲ့ စိတ်ပူနေတဲ့ အသံကို ကြားပြီး ငါ့စိတ်ထဲမှာ နိုင်ထူးသွင် အတွက် မျှော်လင့်ချက် သိပ်မရှိတော့ဘူး ဆိုတာ ပိုသေချာသွားတယ် ။

How to Flirt with a CEO (Completed)Where stories live. Discover now