အခန်း (၄၄)
ကျော်လင်းည မနက်ခင်း နိုးလာတော့ ညက အခြေအနေကို ဝိုးတဝါး ဖြစ်နေခဲ့တယ် ။
ညက သူ အမူးလွန်ပြီး ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာ သူ့ဘာသာသူလည်း မမှတ်မိတော့ဘူး ။
ဒါပေမယ့် သူ့အတွေးထဲမှာ သူ ယောကျ်ားတစ်ယောက်ရဲ့ အဝတ်တွေကို အတင်း ဆွဲချွတ်နေတာကိုတော့ သူ မှတ်မိနေခဲ့တယ် ။
ပြီးတော့ သူ အဲ့ယောကျ်ားရဲ့ နို့ကိုလည်း စို့ခဲ့သေးသလိုပဲ ။အဲ့ယောကျ်ားက ဘယ်သူများ ဖြစ်မလဲလို့ ကျော်လင်းည တွေးနေမိတယ် ။
သူ့ကို ဒီဟိုတယ် ပို့ပေးခဲ့တာကကော ဘယ်သူလဲ ။
သူ့လက်မောင်းကို သူ လှုပ်ဖို့ ကြိုးစားတော့ လက်မောင်းက လေးလံနေတယ် ။
သူ့လက်မောင်းပေါ်မှာ လူတစ်ယောက် အိပ်နေတယ်ဆိုတာကို ကျော်လင်းည အခုမှပဲ သတိထားမိသွားတော့တယ် ။
သူ အဲ့လူက ဘယ်သူလဲ ဆိုတာကို သေသေချာချာ ကြည့်လိုက်မိတယ် ။" အာ... တံခါးစောင့်ကောင်... မင်း... မင်းက ဘာလို့ ငါ့လက်မောင်းပေါ်မှာ အိပ်နေရတာလဲ... "
ကျော်လင်းည အလန့်တကြား အော်လိုက်တယ် ။
သူ့အော်သံကြောင့် တံခါးစောင့်ကောင်က မျက်လုံးပွင့်လာတယ် ။
ပြီးတော့ သူ့လက်မောင်းပေါ်ကနေ ကြွပေးလိုက်လေတယ် ။
တံခါးစောင့်ကောင်ရဲ့ လက် ကြွသွားတော့မှ ကျော်လင်းည သူ့စောင်ကိုသူ ဖယ်လိုက်တယ် ။ဟင်... အဝတ်... သူ့ ကိုယ်မှာ အဝတ်မရှိဘူး ။
အောက်ဘက်မှာ ဝတ်ထားတဲ့ ဘောင်းဘီတိုလေးက လွဲရင် တခြားအဝတ်တွေ သူ့ကိုယ်မှာ မရှိနေဘူး ။
ကျော်လင်းည စိတ်ထဲ ဒိန်းကနဲ ဖြစ်သွားတယ် ။
တံခါးစောင့်ကောင်ကို ကြည့်လိုက်တော့လည်း ဘောင်းဘီတိုလေး တစ်ထည်ပဲ ရှိတယ် ။" မျောက်လောင်းကောင်လေး... နိုးပြီလား... "
ဘာ... ။ သူ့ကို စံလင်းသစ် က မျောက်လောင်းလေး ဆိုပြီးတော့တောင် ချစ်စနိုးနဲ့ ခေါ်နေသေးတယ် ။
ဒီလို ချစ်စနိုး နာမ်စား သုံးလိုက်တယ်ဆိုတော့ သူတို့ ကြားထဲမှာ တစ်ခုခု ဖြစ်ခဲ့တာ ပိုသေချာသွားပြီပေါ့ ။
ဒီ တံခါးစောင့် ကောင်က ညက သူ မူးနေတာကို အခွင့်ကောင်း ယူပြီးတော့များ သူ့ကို တစ်ခုခု လုပ်လိုက်သလားလို့ ကျော်လင်းည တွေးမိသွားလိုက်တယ် ။
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...