အခန်း (၅)

2.6K 203 6
                                    

အခန်း (၅)

နောက်နေ့ တနင်္ဂနွေ နေ့ကိုတော့ ငါနားလိုက်တယ် ။
တနင်္လါနေ့မှ ငါ အလုပ်ပြန်တက်တယ် ။
ဒါပေမယ့် စနေနေ့က ဝမ်းနှုတ်ဆေး စားထားတဲ့ အရှိန်နဲ့ ငါ သိပ်ပြီးလန်းလန်းဆန်းဆန်း မရှိသေးဘူး ။

အလုပ်ကို ရောက်လာတော့ တချို့က ငါ့ကို မလေးမစားအကြည့်နဲ့ ကြည့်ကြတယ် ။
ဒါကလည်း ဒီ ဗီလိန်ကောင် လုပ်ထားတဲ့အပြစ်ဆိုတော့ ငါက သိပ်တော့မမှုပါဘူး ။

ငါကလည်း သူတို့ကို ခေါင်းထဲတောင် မထည့်ဘူး ။
ငါ့ခေါင်းထဲမှာ ရှိတာက CEO ရဲ့ ချစ်သူနေရာကို ဘယ်လို ရအောင် ယူရမလဲ ဆိုတာပဲ ။

ငါ ရောက်တာနဲ့ CEO ရဲ့ အခန်းဆီကို တန်းသွားလိုက်တယ် ။
ငါ ဘယ်လိုကနေ ဘယ်လို စပြီး Flirt ရမလဲ ဆိုတာကိုလည်း တစ်လမ်းလုံး စဥ်းစားသွားခဲ့တယ် ။

" အစ်ကို... နင် ငါ့ကို နေ့လည်စာ ထမင်းဗူး နှစ်ဗူးတောင် လုပ်ခိုင်းထားတာ ... နောက်တစ်ဗူးက နင် ဘယ်သူ့ကို ပေးမလို့လဲ... "

ငါ့ညီမ ဗီလိန်မ မနက်က ထမင်းဗူး ထည့်ပေးရင်း လျှာရှည်ခဲ့တဲ့ စကားပေါ့ ။

ဒါနဲ့ ငါ့နာမည် ဘာလို့ ဆတ်ရိပ်ထင် ဆိုပြီး ဖြစ်နေတာလဲဆိုတာ ငါ ဇာတ်လမ်းထဲရောက်ပြီး သိပ်မကြာခင်မှာပဲ သဘောပေါက်ခဲ့တယ် ။
ငါ့ညီမ ဗီလိန်မ နာမည်က သက်သိမ့်ခင် တဲ့ ။
သောက်တလွဲ System က ငါ့ကို ပေးစရာနာမည် ထွေထွေထူးထူး မစဥ်းစားဘဲ ဗီလိန်မနာမည်နဲ့ ကာရံလိုက်အောင် ဆတ်ရိပ်ထင် လို့ ပေးလိုက်တာပဲ ဖြစ်လိမ့်မယ် ။

" ငါ့ဘာသာ ဘယ်သူ့​ပေးပေးပေါ့... နင် မစပ်စုနဲ့... ဒါနဲ့ သခွားသီးကို အသည်းပုံလေးဖြစ်အောင် သေသေချာချာ ပုံဖော်ပေးနော် ... "

သူလည်း ကြက်သားလုံးချိုချဥ်ဟင်းရဲ့ အပေါ်မှာ သခွားသီးကို ပါးပါးလေးလှီးပြီး အသည်းပုံလေးတွေ ဖော်ပေးလိုက်ရှာပါတယ် ။

ငါကတော့ တွေ့တာနဲ့ အဓိကဇာတ်ဆောင် မင်းသားကို ဒီဟင်းတွေ ပေးရတော့မှာပဲ ဆိုပြီး ဝမ်းသာအားရ ဖြစ်နေခဲ့တာ ။

ဒါပေမယ့် ရုံးခန်းကို ရောက်သွားတော့ နေလျှံအာကာ က ရှိမနေဘူး ။
အဲ့အစား အဓိကဇာတ်ဆောင် ရဲ့ အတွင်းရေးမှူးပဲ ရှိနေတယ် ။
အဲ့အတွင်းရေးမှူးမကလည်း ဒီဗီလိန်ကောင်ကို ကြည့်လို့ မရတဲ့ထဲမှာ ပါတယ် ။

How to Flirt with a CEO (Completed)Where stories live. Discover now