အခန်း (၂၇)

3.4K 237 21
                                    

အခန်း (၂၇)

နောက်ဆုံး အနိုင်အရှုံး ဆုံးဖြတ်တဲ့ ဖဲကစားပွဲမှာ ထိန်လျှံဝဠာ က စိတ်တွေ လှုပ်ရှားနေခဲ့တယ် ။
နိုင်ထူးသွင် ကတော့ စိတ်မလှုပ်ရှားတော့ဘူး ။
အဲ့အစား သူက ဒေါသတွေ ထွက်နေခဲ့ပြီ ဖြစ်တယ် ။

သူဟာ ဘယ်လောက်ပဲ သခင်ငယ်လေး ဆီကနေ ငွေတွေ လက်ခံတဲ့လူ ဖြစ်ဦးတော့... သူက ကုန်ပစ္စည်းတစ်ခု မဟုတ်ဘူး ။
ဒီပွဲမှာ ထိန်လျှံဝဠာ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ သူ ဂရုမစိုက်ဘူး ။
သူက လောင်းကစားအတွက် လောင်းကြေး တစ်ခု မဟုတ်တာကို ထိန်လျှံဝဠာ သိသင့်တယ် ။

ထိန်လျှံဝဠာ ကတော့ နောက်ဆုံး ပွဲကို သူ ကျိန်းသေပေါက် နိုင်ကိုနိုင်ရမယ်လို့ မျှော်လင့်ထားတယ် ။
သူ့ကိုယ်သူလည်း ယုံကြည်ချက်တွေ ပြည့်နေခဲ့တယ် ။
ဒီပွဲမှာ သူ နိုင်ခဲ့ရင် နိုင်ထူးသွင် ကိုလည်း ပြန်ခေါ်သွားနိုင်သလို ကျော်ဆင့် ရဲ့ ပစ္စည်းတွေကိုလည်း အပိုင်ရမှာ မဟုတ်လား ။

ဒါပေမယ့် ကျော်ဆင့်က အစကတည်း​က ဇာတ်တိုက်ခဲ့ပြီးသားပဲလေ ။
ဖဲချိုးတဲ့လူက ဖဲကို မှတ်ထားပြီး ကျော်ဆင့်ကို ကောင်းတဲ့ဖဲ ပေးလိုက်တယ် ။
ထိန်လျှံဝဠာ က အဲ့လို ညစ်ထားတာကို မသိခဲ့ဘူး ။

နောက်ဆုံးတော့ ဇာတ်တိုက်ထားတဲ့အတိုင်း ကျော်ဆင့် က တစ်ပွင့်ထဲနဲ့ ကပ်ပြီး ထိန်လျှံဝဠာ ကို နိုင်သွားခဲ့လေတယ် ။
သခင်ငယ်လေး တစ်ယောက် ချွေးစေးတွေ ပြန်နေခဲ့ပြီ ။
နိုင်ထူးသွင် ကို သူ ကျော်ဆင့်ဆီ မပေးနိုင်ဘူး ။
နိုင်ထူးသွင် က သူ့အပိုင်ပဲ ဖြစ်နေသင့်တာ ။

အဲ့တာဆိုရင် သူ ခုနတုန်းက ဘာလို့များ ရူးမိုက်ပြီးအဲ့ အလောင်းအစားကို လက်ခံခဲ့မိလိုက်တာလဲ ။
ထိန်လျှံဝဠာ သူ့ကိုယ်သူလည်း စိတ်တိုသွားမိတယ် ။
ခုနက မခံချင်စိတ်ရယ် ၊ မူးနေတာရယ် ပေါင်းပြီးတော့ သူ ဒီအလောင်းအစားကို လုပ်ခဲ့မိတာပဲ ။
အခုတော့ သူ အမူးလည်း ပြေသွားခဲ့ပြီ ။
သူ့ကိုယ်သူ အမှားကြီး မှားသွားပြီ ဆိုတာလည်း သူ သိလိုက်ပြီ ။

" ထိန်လျှံ... အခုတော့ အဖြေထွက်ပြီဆိုတော့... မင်းရဲ့ ပျော်တော်ဆက်လေးကို ငါ့ကို ပေးရတော့မှာနော်... ဟုတ်ပြီလား... "

How to Flirt with a CEO (Completed)Where stories live. Discover now