အခန်း (၃၄)
သခင်ငယ်လေး က သူ့အစ်ကို CEO ရဲ့ စကားကို ဂရုထားတဲ့ဟန်မပြဘူး ။
အဲ့အစား သူ့ခြေလှမ်းတွေက ဇာတ်ညွှန်းဆရာ နဲ့ ကိုစံလင်းသစ် တို့ဆီကို ပိုပြီး တိုးကပ်သွားတယ် ။
ဇာတ်ညွှန်းဆရာ ကလည်း သခင်ငယ်လေးကို ရင်ဆိုင်မယ်ဆိုတဲ့ အကြည့်တွေနဲ့ စူးစူးရဲရဲ ပြန်ကြည့်နေတယ် ။" နိုင်ထူးသွင်... မင်းက ဒီ အချိန် ခဏလေးနဲ့ နောက်တစ်ယောက်ကို ပြောင်းနေပြီပေါ့... ဟုတ်လား... "
သခင်ငယ်လေး က အတော်လေးကို အလိုက်ကမ်းဆိုး မသိတာ ဖြစ်တယ် ။
သူများက အမေ ဆုံးပါးလို့ ဝမ်းနည်းနေတဲ့ အချိန်မှာ ဒီလို စကားတွေ လာမပြောသင့်ဘူးဆိုတာကို သုံးနှစ်သား ကလေးတွေတောင် သိလောက်ပေမယ့် သခင်ငယ်လေးက မသိလေဘူး ။" ငါ့ဘာသာ ဘယ်လိုပဲ နေနေ မင်းနဲ့ ငါနဲ့က ဘာမှ မဆိုင်တော့ဘူး ထိန်လျှံဝဠာ... မင်း အခုလို ငါ့ကို ထပ်နှောင့်ယှက်နေတာကို မင်းဘာသာမင်း ရှက်သင့်တယ် မဟုတ်ဘူးလား... "
ထိန်လျှံဝဠာ အစကတော့ ဒရိုင်ဘာ ကောင်ရဲ့ စကားကြောင့် နည်းနည်းလေး ရှက်တဲ့စိတ် ဖြစ်သွားမိလေတယ် ။
ဒါပေမယ့် သူ ပြန်စဥ်းစားကြည့်တယ် ။
သူ ရှက်နေရင် ဒရိုင်ဘာကောင်က ဟို အပေါက်စောင့်နဲ့ ပါသွားမှာလေ ။
အဲ့လိုအဖြစ်ကိုတော့ သူ ဒီတိုင်း ရပ်ကြည့်မနေနိုင်ဘူး ။
အဲ့တော့ သူ ရှက်နေလို့မှ မဖြစ်ဘဲ ။" ငါက ဘာကိစ္စ ရှက်ရမှာလဲ... မင်း ဘေးနားမှာ အတင်းလိုက်ကပ်နေတဲ့ ဟို တံခါးစောင့်ကမှ ရှက်ရမှာ မဟုတ်ဘူးလား... "
သခင်ငယ်လေး က ဒီမှာ ပြဿနာပဲ သက်သက် လာရှာနေတာ ဖြစ်နေတယ် ။
သူက ဇာတ်ညွှန်းဆရာ ကိုကော ဘေးနားက ငါ အောင်သွယ်ပေးထားတဲ့ ကိုစံလင်းသစ် ကိုပါ စော်ကားနေတာ ဖြစ်တယ် ။နိုင်ထူးသွင် က လက်သီးဆုပ်လိုက်တာကို ငါ မြင်ရတယ် ။
ပြဿနာ တစ်ခုခု ဖြစ်လာရင် ငါ့မှာ အဆင်သင့် ရှိနေရအောင် တံမြက်စည်း တစ်ချောင်းတစ်လေများ ဒီ အခန်းထဲမှာ ရှိနေမလားဆိုပြီး ငါ လိုက်ရှာကြည့်မိသေးတယ် ။
ဒါပေမယ့် တံမြက်စည်း က တစ်ချောင်းမှ ရှိမနေဘူး ။
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...