အခန်း (၆)
ငါ သတိရလာတော့ ဆေးရုံမှာ ငါ့ကို စောင့်ကြည့်ပေးနေတဲ့ နိုင်ထူးသွင်ကို တွေ့ရတယ် ။
ဒါဖြင့်ရင် ငါ ခုနတုန်းက ဒီ ဇာတ်ညွှန်းဆရာ ရင်ခွင်ထဲ လဲကျသွားခဲ့တာလား ။
အဓိပ္ပါယ်မဲ့လိုက်တာ ။" မင်း သတိရလာပြီလား... "
" အင်း... ရပြီ... ငါ ခုနက မင်းအပေါ် လဲကျသွားတာလား... "
" ဘယ်ဟုတ်ပါ့မလဲ... မင်းက CEO ရင်ခွင်ထဲကို လှလှပပလေး လဲကျသွားတာ... မသိရင် တမင်တကာကြီး လုပ်ယူထားတဲ့အတိုင်းပဲ... "
ငါ ပြုံးဖြီးဖြီးကြီး ဖြစ်သွားမိပေမယ့် တစ်ဆက်ထဲမှာပဲ စိုးရိမ်စိတ်လည်း ဝင်သွားမိတယ် ။
ငါ လုပ်လိုက်တဲ့ပုံက စည်းကျော်သလို ဖြစ်မနေဘူးလား ။" အဲ... အဲတာဆို CEO က ငါ့ကို ဘာပြောသေးလဲ... ငါ့ကို စိတ်တိုသွားတဲ့ ပုံကော ရှိလား... "
" စိတ်တိုတာထက် စိတ်ပူတာလေး နည်းနည်း ဖြစ်သွားတယ် လို့တော့ ငါထင်တာပဲ ...ကြည့်ရတာ မင်း အဓိကဇာတ်ဆောင် ကို မင်းဘက် ပါလာအောင် နည်းနည်းတော့ ဆွဲဆောင်နိုင်ပြီ ထင်တာပဲ... "
" ဘာလို့ နည်းနည်းပဲလဲ... "
ငါ စိတ်မသက်မသာ မေးလိုက်တယ် ။
" ဘာလို့လဲ ဆိုတော့ CEO က ခုနကအထိ မင်းဘေးမှာ စောင့်ပေးနေသေးတယ်... ဒါပေမယ့် အဓိကဇာတ်ဆောင် မင်းသမီးက ဖုန်းဆက်ခေါ်တာနဲ့ ပြန်ထွက်သွားလို့ပဲ... အများကြီးသာ မင်းဘက်ပါတယ်ဆိုရင် မင်းသတိရတဲ့အထိ ဘေးမှာ နေပေးမှာပေါ့... မဟုတ်ဘူးလား... "
ဒီကောင်က ဇာတ်ညွှန်ဆရာဆိုတော့ သူပြောတာက မဟုတ်ဘူးလို့လဲ သွားငြင်းလို့ မရပြန်ဘူး ။
သူက အဓိကဇာတ်ဆောင် ကို ဖန်တီးထားကတည်းက အဓိကဇာတ်ဆောင်က မင်းသမီးအပေါ်ပဲ ချစ်ရမယ်ဆိုတဲ့ ပုံစံနဲ့ ဖန်တီးခဲ့တာ မဟုတ်လား ။" အင်းပါ... ထားပါတော့... ငါလည်း အိမ်ပြန်တော့မယ်... "
" နေဦးလေ... မင်းကို အိမ်ပြန်လိုက်ပို့ဖို့ CEO က ငါ့ကို တာဝန်ပေးထားတာ... "
ဒီလိုနဲ့ ဇာတ်ညွှန်းဆရာက ငါ့ကို အိမ်ပြန်လိုက်ပို့တယ် ။
ဘာပဲပြောပြော ငါ့ကို အိမ်ပြန်ပို့ဖို့ လူတစ်ယောက် ထားပေးခဲ့တယ်ဆိုကတည်းက ငါ့အပေါ် မျက်နှာလွှဲခဲပစ် မလုပ်ဘူးဆိုတာတော့ သေချာပေါက် ပြောနိုင်တယ် ။
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...