အခန်း (၄၁)

2.7K 190 22
                                    

အခန်း (၄၁)

ကျော်လင်းညက နေလျှံအာကာ ကိုဆတ်ရိပ်ထင် ဘေးက ထွက်သွားတာကို သေချာအောင် ကြည့်လိုက်တယ် ။
ထိန်လျှံဝဠာ က အစက ကတိမတည်တော့ဘူးလို့ သူ ထင်ခဲ့ပေမယ့် နောက်ဆုံးတော့ ကတိတည်ရှာသားပဲ ။
ဒါပေမယ့် ထိန်လျှံဝဠာ က နိုင်ထူးသွင် ကိုတော့ လှည့်ကြည့်လှည့်ကြည့် လုပ်နေသေးတာကို ကျော်လင်းည တွေ့ရတယ် ။

ဒါပေမယ့် အခု အချိန် က သူ့အတွက် အချိန်ပဲ ။
သူ့အနေနဲ့ ဘယ်သူ့ကိုမှ ညှာတာထောက်ထားပေးနေစရာ အကြောင်းမရှိဘူး ။

" ကိုကြီး... ညီ ပြောစရာရှိလို့... အပြင်ဘက်ကို လိုက်ခဲ့ပေးပါလား... "

ကျော်လင်းည က ကိုဆတ်ရိပ်ထင် ငြင်းများငြင်းမလားလို့ စိုးရိမ်နေတယ် ။
ဒါပေမယ့် ကိုဆတ်ရိပ်ထင် သူ့ကို ခေါင်းညိတ်ပြတယ် ။
ပြီးတော့ သူနဲ့အတူတူ အပြင်ဘက်ကို လိုက်ထွက်လာပေးတယ် ။

" ကျော်လင်းည... ကိုယ့်ကို ဘာပြောမလို့လဲ... "

ကျော်လင်းည တခြားကိစ္စတွေမှာ ပါးစပ်သွက်တယ်ဆိုပေမယ့် ဒီကိစ္စမှာတော့ လူက ပြောဖို့ မထွက်ဘူး ဖြစ်နေတယ် ။
ဒါပေမယ့် မပြောလို့လည်း မဖြစ်ဘူးဆိုတော့ နောက်ဆုံး သူ အားတင်းပြီး ပြောလိုက်တယ် ။

" ကိုကြီး... ကိုကြီးကို ညီ ချစ်တယ်... "

ငါ့ကို စိတ်လှုပ်ရှားနေတဲ့ပုံနဲ့ ပြောလာတဲ့ ကျော်လင်းည ကို ကြည့်ပြီး ငါ နည်းနည်းတော့ စိတ်မကောင်း ဖြစ်သွားတယ် ။
ဒီကောင်လေးက ငါ့ကို ကြိုက်နေတယ် ဆိုတာ သိပေမယ့်လည်း ငါ့အနေနဲ့ ဒီကောင်လေးဘက်က ဖွင့်ပြောလာလိမ့်မယ်လို့ မထင်ခဲ့မိဘူး ။

" ကျော်လင်းည... ကိုယ် စိတ်မကောင်းပါဘူး... ကိုယ်နဲ့ ကိုနေလျှံအာကာ နဲ့ ခုနလေးကတင်ပဲ ချစ်သူတွေ ဖြစ်သွားကြပြီ... "

" ဟင်... "

ကျော်လင်းည ရဲ့ မျက်နှာက ပျက်ယွင်းသွားပြီး ချက်ချင်းပဲ ညှိုးကျသွားတယ် ။
ငါ ကျော်လင်းည ကို သနားတောင် သနားသွားမိတယ် ။
ဒါက ဇာတ်လမ်းတိုထဲက ကမ္ဘာ ဖြစ်နေလို့ပေါ့ ။
အပြင်ဘက်က ကမ္ဘာမှာသာဆိုရင် ငါ ကျော်လင်းညကိုလည်း သနားချစ်နဲ့ ပြန်ချစ်မိရင် ချစ်မိမှာ ။
ဘယ်တစ်ယောက် ညာတစ်ယောက်ပေါ့... ဘယ်လောက်ကောင်းလိုက်လဲ ။

How to Flirt with a CEO (Completed)Where stories live. Discover now