အခန်း (၂၆)
ထိန်လျှံဝဠာ က သူ့ကို ဒရိုင်ဘာကောင် ကလန်ကဆန် လုပ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး ။
ဟိုတစ်ခါတုန်းက သူ အရက်နဲ့ လောင်းချမယ် ဆိုတုန်းကတောင် ဒီကောင်က ဘာတစ်ခွန်းမှ ပြောရဲခဲ့တာ မဟုတ် ။
ဒီတစ်ခါကျမှ ထွက်သွားဖို့ မတ်တပ်တွေဘာတွေ ရပ်လို့ပါလား ။ဒီကောင်က ဘယ်သူ့အားကိုးနဲ့ သူ့ကို ကလန်ကဆန် လုပ်ရဲရတာလဲ ။
သူ့ရဲ့ ပျော်တော်ဆက် ဆိုတာ သူ ထားရာနေပြီး သူစေရာကို သွားရမှာ မဟုတ်ဘူးလား ။" ငါက ထိုင်နေလို့ ပြောနေတာကို မင်းက ဘာအထွန့်တက်ချင်နေသေးတာလဲ... "
ထိန်လျှံဝဠာ က စိတ်တိုတိုနှင့် မတ်တပ်ထရပ်လိုက်တယ် ။
သခင်စကားကို နားမထောင်တဲ့ ပျော်တော်ဆက် ကြောင့် သူ့ သူငယ်ချင်းတွေက သူ့ကို ဟာသတစ်ခုလို သဘောထားပြီး ရယ်ကာ ကြည့်နေ ကြတယ် ။
ထိုအကြည့်တွေက သူ့ကို ပိုပြီး အရှက်ရစေတယ် ။
တစ်လက်စထဲ ဒီ ဒရိုင်ဘာကောင်ကို သခင်တစ်ယောက်အပေါ် ဘယ်လို လေးစားရမလဲ ဆိုတာကိုပါ သင်ပေးရမယ် ။" မင်း ငါ ဖဲကစားလို့ ပြီးတဲ့အထိ ငါ့ဘေးကနေ တစ်ဖဝါးမှ ခွါခွင့် မရှိဘူး... "
ထိန်လျှံဝဠာ က နိုင်ထူးသွင် ကို ပြန်တွန်းချလိုက်တယ် ။
နိုင်ထူးသွင် ကြမ်းပေါ်ကို လဲကျသွားတယ် ။
အရှိန်နဲ့ တွန်းချခံလိုက်ရတာကြောင့် သူ့ခါးပါ နာကျင်တဲ့ဒဏ်ကို ခံစားလိုက်ရတယ် ။
ဒါပေမယ့် သူလဲကျတာက သခင်ငယ်လေးတွေအတွက် ဟာသ တစ်ခုလို ဖြစ်နေတယ် ထင်တယ် ။
သူလဲကျတာကိုကြည့်ပြီး ဝိုင်းရယ်နေကြလေတယ် ။" ဟုတ်ကဲ့ပါ သခင်လေး... "
နောက်ဆုံးတော့ သူဟာ ဘာအထွန့်မှ မတက်ဝံ့တော့ဘဲ ထိန်လျှံဝဠာ ဘေးမှာ ငုတ်တုတ်လေးထိုင်ကာ ထိန်လျှံဝဠာ တို့ ဖဲကစားတာကို ထိုင်ကြည့်နေပေးရတယ် ။
ထိုင်နေရပေမယ့် သူ့စိတ်က ဖဲဝိုင်းထဲ မရှိဘူး ။
သူ့ရဲ့ ဆိုးဝါးလှတဲ့ ကံကြမ္မာကိုသာ စိတ်ထဲက နာကျည်းစွာ အပြစ်တင်နေမိခဲ့တယ် ။" ကဲကဲ... ဒီတစ်ခါ အကုန်အောပြီး လောင်းမယ်နော်... "
အတန်ကြာအောင် ကစားပြီးနောက်မှာ ပွဲက သိမ်းတော့မှာ ဖြစ်တာကြောင့် ကျော်ဆင့်က ဇာတ်တိုက်ထားတဲ့အတိုင်း နောက်ဆုံး Challenge ကို ခေါ်တယ် ။
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...