အခန်း (၃၆)
ပထမအကြိမ် CEO ငါ့ကို ရည်းစားစကား ပြောမယ့် ကိစ္စက သူ့ကြောင့် ပျက်သွားရကြောင်း သိသွားပြီးနောက်မှာ ဇာတ်ညွှန်းဆရာ က ငါ့ကို တောင်းပန်ရှာတယ် ။
ငါကလည်း ဇာတ်ညွှန်းဆရာ ကို ကြိုပြောထားရတယ် ဆိုတာက အကြောင်းအရင်း ရှိတယ် ။ဒီဇာတ်လမ်းရဲ့ System ဆိုတဲ့အကောင်က မယုံရတဲ့ အထဲမှာ ပါတယ် ။
ငါ တွေ့ဖူးသမျှ System တွေထဲမှာ ဗီလိန်အဆန်ဆုံးလို့ ပြောလို့ရတယ် ။
တခြား System တွေဆိုရင် host မသိတာတွေကို သိအောင် ပြောပြကြတယ် ။
သူကိုယ်တိုင် မသိဘူးဆိုရင်တောင် Host နဲ့ တူတူ လိုက်စဥ်းစားပေးတတ်ကြတယ် ။ဒါပေမယ့် ဒီ System ကတော့ တခြားစီပဲ ။
ဘာမှ အကူအညီ မရတာလောက်ကတော့ ထားလိုက်တော့ ။
ဒင်းက တကယ့် အချိန် တွေဆိုရင် တခြားဇာတ်ကြောင်း တစ်ဖက်ကို ဖျက်လိုဖျက်ဆီးလုပ်ပြီး ဝင်နှောက်တတ်တဲ့ အကောင်မျိုး ဖြစ်တယ် ။
တချို့ဟာတွေဆိုရင် သူ သိသိရက်နဲ့ မပြောပြဘဲ တမင် ထိန်ချန်ပြီး သက်သက် အကျင့်ယုတ်တာမျိုးတောင်မှ ရှိသေးတယ် ။" ကိစ္စမရှိဘူး သားကြီး... အဲ့ဒါ မင်းအပြစ်တော့မဟုတ်ဘူးကွ... မင်း စဥ်းစားကြည့်စမ်း... မင်းနဲ့ သခင်ငယ်လေးနဲ့ ပြဿနာ ဖြစ်တဲ့အချိန်နဲ့ ငါ့ကို CEO က ရည်းစားစကားပြောမယ့် အချိန်က တစ်ချိန်ထဲ ဖြစ်နေတယ်... အဲ့လောက် တိုက်ဆိုင်တယ်ဆိုတာ လောက ကြီးမှာ ရှိလို့လား... ငါ ထင်တာကတော့ System က တမင် ဝင်နှောက်တာလို့ပဲ ထင်တယ်... "
အဲ့အချိန် notification မှာ System ဆီက စာဝင်လာတယ် ။
" ငါ့ကို မစွပ်စွဲပါနဲ့... ငါက ရိုးသားပါတယ်ကွာ... " တဲ့ ။
ငါလည်း အဲ့ notification ကို ဆွဲချပြီး Clear လုပ်ပစ်လိုက်တယ် ။
လုံးဝ ဝင်မဖတ်ဘဲ seen လည်း မပြဘူး ။
အဲ့ System ကို သောက်ဂရုမစိုက်ခြင်းအနုပညာ နဲ့ ဒီတိုင်း လစ်လျှူရှုထားလိုက်တယ် ။" အဲ့တော့ ငါ့ကို နှင်းဆီချို ပြောထားတဲ့ အချိန်မှာကွာ... ငါက ဖုန်းကို ပိတ်ထားမယ်... ဒါပေမယ့် အဲ့အချိန်မှာ မင်း တစ်ခုခု ဖြစ်သွားမှာကိုလည်း ငါက စိတ်ပူတယ်ကွာ... ငါ အဲ့တာကို ဘယ်လို လုပ်ရမယ်မှန်း မသိဘူး ဖြစ်နေတယ်... "
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...