အခန်း (၃၈)
ငါးမိနစ် ပြည့်ဖို့ကလည်း ကြာလိုက်တာဟ လို့ ငါ တွေးမိသွားတယ် ။
ဘယ်လိုလုပ်ပြီး ငါးမိနစ်က ငါးနာရီလောက် ကြာသလို ခံစားနေရတာလဲ ။
အမှန်ဆို အဖြေပေးဖို့အတွက် ငါးမိနစ် စဥ်းစားနေစရာ သောက်ကြောင်းကို မရှိတာ ။ငါလည်း ဘားမှာရှိတဲ့ ခြံဝန်းထဲ တစ်ပတ် ပတ်လိုက်ပြီးတဲ့အချိန် CEO ဆီ ပြန်သွားလိုက်တယ် ။
CEO က ခုနက နေရာမှာ မတ်မတ်ကြီး ရပ်နေတုန်းပဲ ။
ကြည့်ရတာ သူ့ဘဝမှာ ငါးမိနစ်နဲ့ အဖြေပြန်ပေးမယ်ဆိုတာကို မကြုံခဲ့ဖူးတဲ့ပုံပဲ ။
နည်းနည်းလည်း အံ့သြနေပုံရတယ် ။ငါလည်း ငါးမိနစ် ပြည့်ပြီထင်လို့ နာရီကို ကြည့်လိုက်ပေမယ့် လေးမိနစ်နဲ့ စက္ကန့် သုံးဆယ်ပဲ ရှိသေးတယ် ။
ဒါပေမယ့် ခပ်တည်တည်ပဲ CEO အရှေ့မှာ ဝင်ရပ်လိုက်တယ် ။
ငါက အဖြေပြန်ပေးဖို့ အဆင်သင့် ဖြစ်နေပြီ မဟုတ်လား ။" CEO... ကျွန်တော်... "
ငါက အဖြေပြန်ပေးဖို့ အားယူလိုက်တဲ့အချိန် CEO က ရုတ်တရက် ငါ့ကို လက်ကာပြတယ် ။
ငါလည်း ဘာတုန်းဟ ဆိုပြီး နည်းနည်းတော့ ကြောင်သွားတယ် ။" ခဏလေး... ဆတ်ရိပ်... ငါးမိနစ်နဲ့ စဥ်းစားတယ်ဆိုတော့ ဧကန္တ... ကိုယ့်ကို ငြင်းမလို့များလားဟင်... ဟုတ်လား... "
ငါ့ကို စိုးရိမ်တကြီး ကြည့်ပြီး မေးလာတဲ့ CEO ရဲ့ စကားကြောင့် ငါ ကြောင်သွားတယ် ။
အမြဲတမ်း ကိုယ့်ကိုယ်ကို ကွန်ဖီးဒန့်ရှိနေတဲ့ CEO ကြီးလည်း အချစ်နဲ့ တွေ့ရင်တော့ ကပေါက်တိကပေါက်ချာ ဖြစ်သွားတာပဲလားဟ ။
ငါ ရယ်ချင်ပေမယ့် မရယ်ရဲဘူး ။
အဲ့အစား ပြုံးပဲ ပြုံးပြလိုက်မိတယ် ။" ဆတ်ရိပ်က ကိုယ့်ကို လှောင်နေတာပေါ့... ကောင်းပါပြီ... ဆတ်ရိပ်ရဲ့ အဖြေကို ကိုယ် နားလည်ပါပြီ... မပြောပါနဲ့တော့.... "
ဟ... ဒါက ဘာဖြစ်သွားရပြန်တာတုန်း ။
ဒီ CEO က ကျပ်သိပ်မပြည့်ဘူး မဟုတ်လား ။
အေးစက်စက်နဲ့ ခပ်မိုက်မိုက်ပုံစံဆိုတာ ဇာတ်လမ်းတို ကြည့်တဲ့ ပရိသတ်ကို စိတ်ဝင်စားလာအောင် တမင် ညာထားတာ မဟုတ်လား ။
အခုလည်း ကြည့်လေ ။
ငါက ဘာမှတောင် မပြောရသေးဘူး ။
သူက သူ့ဘာသာ ဖြေရှင်းချက်တွေထုတ်ပြီး လှည့်ပြန်ထွက်သွားဖို့ လုပ်နေပြီ ။
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...