အခန်း (၃၂)

3.3K 232 20
                                    

အခန်း (၃၂)

နောက်နေ့ ဇာတ်ညွှန်းဆရာ ရဲ့ အမေ သဂြိုဟ်တဲ့နေ့ ဖြစ်တယ် ။
ငါက ဇာတ်ညွှန်းဆရာကို ကူဖို့အတွက် CEO ကို ဖုန်းဆက်ပြီး ခွင့်တိုင်ခဲ့ရတယ် ။
အဲ့နေ့က ရုံးပြန်ဖွင့်တဲ့ ရက်ကိုး ။

CEO က သူပါ လာခဲ့မယ်လို့ ပြောခဲ့တယ် ။
ငါကလည်း သခင်ငယ်လေးကို မခေါ်လာရင် လာလို့ရကြောင်း ပြန်ပြောခဲ့တယ် ။
CEO က ငါ့တောင်းဆိုချက်ကို လက်ခံခဲ့တယ် ။

CEO ရောက်ချလာတော့ ငါ ဘယ်ထင်မှာလဲ ။
CEO က အဖော်အဖြစ် သူ့ သူငယ်ချင်း ကိုစံလင်းသစ် ကို ခေါ်လာလိမ့်မယ်လို့ ။
ငါ့အတွက်တော့ အဆင်သင့်တာပဲ ။
ငါက အောင်သွယ်ပေးချင်တယ်ဆိုတာကို CEO က သိများ သိနေသလားတောင်မှ အောက်မေ့ရတယ် ။

" ကိုယ် စံလင်းသစ်ကို နည်းနည်းပါးပါး ကူစရာရှိ ကူပေးလို့ ရအောင် ကိုယ် ခေါ်လာတာ... "

" ကိုယ့်ကို အားမနာနဲ့နော်... ကိုယ် ကူပေးဖို့ ရှိတာ ဆိုရင် ပြောပါ... "

ကိုစံလင်းသစ် က ငါနဲ့ ငါ့ဘေးမှာ ငိုနေတဲ့ နိုင်ထူးသွင် ကို ကြည့်ပြီး ပြောလာတယ် ။
ငါလည်း ကိုစံလင်းသစ် ရောက်လာတယ်ဆိုတော့ နိုင်ထူးသွင် နဲ့ မိတ်ဆက်ပေးရမယ် မဟုတ်လား ။
ငါ ဇာတ်ညွှန်းဆရာရဲ့ ဘေးနားကို ကပ်ပြီး တိုးတိုး ပြောလိုက်တယ် ။

" သားကြီး... ငိုချင်ရင် ခဏနေမှ ဆက်ငို... ခဏအောင့်ထား... ငါ မင်းကို မိတ်ဆက်ပေးမယ် ဆိုတဲ့ ဒါရိုက်တာက အခု CEO နဲ့ ပါလာတဲ့ တစ်ယောက်ပဲ... "

ဇာတ်ညွှန်းဆရာ ခမျာမှာ ငိုနေလက်စနဲ့ ခဏ ရပ်သွားရတယ် ။
ငါလည်း သူ ငိုတာ ရပ်ပြီ ဆိုတာနဲ့ သူနဲ့ ကိုစံလင်းသစ် ကို မိတ်ဆက်ပေးလိုက်တယ် ။

" ဟုတ်... တွေ့ရတာ ဝမ်းသာပါတယ်... "

ဟိုက ပြောပြီး လက်လှမ်းပေးတော့ ဇာတ်ညွှန်းဆရာ က ချက်ချင်း လက်ပြန်ဆွဲလိုက်သေးတယ် ။
တတ်လည်း တတ်နိုင်တယ် ။
ပြီးတော့မှ သူ့အမေ ရုပ်အလောင်းကို ကြည့်ပြီး သွားပြန်ငိုနေပြန်တော့တယ် ။

" ကျွန်တော် ကူစရာ ရှိရင် ပြောပါ... တကယ် တစ်ခုခု ကူစရာ မရှိဘူးလားဗျ... "

How to Flirt with a CEO (Completed)Where stories live. Discover now