အခန်း (၁၂)

3.7K 252 11
                                    

အခန်း (၁၂)

ငါတို့ ကုန်တိုက်သွားကြတော့ CEO က ဝတ်စုံတွေကို သူကိုယ်တိုင် သေသေချာချာ ရွေးယူနေတယ် ။
CEO အဝတ်အစားတွေ ရွေးနေပုံကို ကြည့်ပြီးတော့ ညီသုတက ငါ့ကို ကျေနပ်ပြုံးကြီးနဲ့ ပြုံးပြပြီး ပြောလာတယ် ။

" CEO က ဒီတစ်ခါတော့ သေသေချာချာကို ဂရုတစိုက်ရွေးနေတာ ကိုဆတ်ရိပ်ထင် ရဲ့... အရင်တစ်ခါ မနှင်းဆီချို ကြော်ငြာရိုက်ဖို့ လိုတဲ့ ပစ္စည်းတွေ လိုက်ဝယ်ပေးတုန်းကဆိုရင် တွေ့ကရာ အကုန်ထည့်လိုက်ဆိုပြီး ဘာမှ ရွေးပေးခဲ့တာ မဟုတ်ဘူး... "

" ဒါပေမယ့် ဒီတစ်ခါက ​ကျတော့ သူပါ ဝတ်ရမှာဆိုတော့ ပိုပြီး ဂရုတစိုက် ရွေးတာနေမှာပေါ့ ညီသုတရယ်... "

ငါက ဖြစ်နိုင်တာကိုပဲ ရွေးပြီး ပြောလိုက်တယ် ။
ညီသုတ ကတော့ လက်ခံပုံ မရပါဘူး ။
သူဖြစ်စေချင်တာကိုပဲ အတင်း ဆွဲယူ ပြောနေတော့တာပါပဲ ။

" ဆတ်ရိပ်ထင်... ဒီကိုလာဦး... "

ငါနဲ့ ညီသုတနဲ့ စကားတွတ်ထိုးနေကြတာကို CEO က မကြိုက်သလို ကြည့်ပြီး ငါ့ကို လှမ်းခေါ်လိုက်တယ် ။
ငါက အလိုက်သိစွာနဲ့ သူ့ဘေးကို အ​ပြေးသွားရတယ် ။

CEO က အဝတ်အစားတွေကို ငါ့ကိုယ်ပေါ် ကပ်ကြည့်ပြီး လိုက်ဖက် မလိုက်ဖက် တွေးတောနေဟန်ရှိတယ် ။
အဲ့အချိန်မှာ ညီသုတ တစ်ယောက်ကတော့ အဲ့မြင်ကွင်းကို ကြည့်ပြီး ချိုလွန်းလို့ ဆီးချိုတွေတောင် ဆောင့်တက်နေပါပြီ ။

ညီသုတက အဲ့ပုံတွေကို CEO မသိအောင် ခိုးရိုက်နေတယ် ။
ရိုက်ပြီးတာနဲ့ အဲ့ပုံတွေကို သူ့ညီမဆီကို မက်ဆင်ဂျာကနေ ချက်ချင်း ပို့ပေးနေတယ် ။

" အငယ်မရေ... ငါတို့ရဲ့ သင်္ဘောကြီးကတော့ တကယ်ကို ရွက်လွှင့်နေပြီဟေ့... "

မကြာခင်မှာပဲ ညီသုတ ရဲ့ ညီမက အဲ့ပုံတွေကို Page ထောင်ပြီး တင်လိုက်တယ် ။
Page နာမည်က နေလျှံရိပ်ထင် fan page တဲ့... ။
နေစမ်းပါဦး... ။ ဘာလို့ အပေါ်ထပ်သမားဖြစ်တဲ့ ဆတ်ရိပ်ထင် ဆိုတဲ့ ငါ့နာမည်က အောက်ကို ရောက်နေရတာလဲ ။
ဒါကြီးက တကယ်ကြီးကို လက်မခံနိုင်စရာပဲ ။

How to Flirt with a CEO (Completed)Where stories live. Discover now