အခန်း (၄၆)

1.5K 112 10
                                    

အခန်း (၄၆)

ငါကတော့ နှင်းဆီချိုတစ်ယောက် ဟိုသုံးကောင်ကို ပွဲကြမ်းတော့မယ်လို့ ထင်ထားတာ ။
အဲ့တာကြောင့် ငါတို့ သုံးယောက်ကပါ ပါဝင် အားဖြည့် ကူညီမလို့ နှင်းဆီချို ရှိတဲ့ဆီကို သွားကြတာလေ ။
ဒါပေမယ့် ရောက်သွားတော့ ထင်ထားတာနဲ့ တလွဲ ဖြစ်နေတယ် ။

" နင်တို့ သုံးယောက်လုံး အခု ငါနဲ့ CEO ရုံးခန်းထဲကို လိုက်ခဲ့... နင်တို့ကို CEO နဲ့ ကိုယ်တိုင် အပြစ်ပေးခိုင်းရမယ်... "

လတ်စသတ်တော့ ဒင်းက အဲ့သုံးယောက်ကို နေလျှံအာကာ နဲ့ တိုင်မယ်ဆိုပြီး CEO ရုံးခန်း ခေါ်သွားတာဖြစ်နေတာကိုး ။
ပြီးတော့ ငါတို့ သုံးယောက်ဘက်ကိုလည်း လှည့်ပြီး ပြောလိုက်သေးတယ် ။

" ဆတ်ရိပ်ထင် တို့ သုံးယောက်ပါ တစ်ခါထဲ လိုက်ခဲ့ကြလေ... ဆတ်ရိပ်ထင် က ကာယကံရှင်... ဘေးက နှစ်ယောက်က သက်သေထွက်ပေးလို့ရတယ် မဟုတ်လား... "

နောက်ဆုံးတော့ ငါတို့ သုံးယောက်ကပါ ဟို အတင်းပြောတဲ့ သုံးယောက်နဲ့ အတူတူ နှင်းဆီချို ခေါ်ရာကို လိုက်ခဲ့ရတော့တယ် ။
ရလာဒ် အနေနဲ့ CEO က အဲ့ အတင်းပြောတဲ့ သုံးယောက်ကို နှစ်ကုန် bonus တွေ တစ်ဝက်တိတိ လျှော့ချတဲ့ အပြစ်ကို ပေးလိုက်တယ် ။
အပြစ်က အရမ်းလည်း မကြီးသလို အရမ်းလည်း မသေးဘူး ။
ဒါပေမယ့် အဲ့သုံးယောက်ကတော့ ခုနက အတင်းတုပ်ထားတာ သူတို့ မဟုတ်သလို မျက်နှာလေးတွေနဲ့ ကြောက်လန့်ပြနေကြတယ် ။

" ရော့... မင်းတို့ အပြစ်ကို သိရင် ဒီမှာပါ လက်မှတ်ထိုး... "

CEO က အဲ့သုံးကောင်ကို နောက်နောင် ငါနဲ့ ပတ်သတ်ပြီး အတင်းအဖျင်း မပြောတော့ပါဘူး ဆိုပြီးတော့ပါ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းလိုက်သေးတယ် ။
ငါ့မှာ CEO ရဲ့ လုပ်ရပ်တွေကို ရယ်ချင်ပေမယ့် မရယ်ရဲဘူး ။
သူက CEO လေ... ဘာလုပ်လုပ် တင့်တယ်နေတာပဲဟာကို ။
ငါက CEO ကတော် အနေနဲ့ အလိုက်သင့်လေး နေနေလိုက်ဖို့ပဲ လိုတာ မဟုတ်လား ။

အဲ့နေ့ ရုံးဆင်းချိန်ရောက်တော့ CEO က အားလုံးကို အရေးပေါ် လူစုခိုင်းတယ် ။
ငါလည်း အစကတော့ ဘာများ အရေးပေါ် ကိစ္စ ဖြစ်သလဲ ဆိုပြီး စိတ်ပူသွားသေးတယ် ။
အားလုံးနဲ့ တူတူ ရောယောင်ပြီး လူစုတဲ့ နေရာကို ယောင်လည်လည်နဲ့ ရောက်လာခဲ့ရသေးတယ် ။

How to Flirt with a CEO (Completed)Where stories live. Discover now