အခန်း (၂၃)
ဒီနေ့က CEO ရဲ့ မွေးနေ့ ဖြစ်တယ် ။
ဝေဦးက ငါ့ကို ဒီမနက်မှာ နှင်းဆီချိုက ကိတ်မုန့်တစ်လုံး ကိုယ်တိုင်လုပ်လာမယ်ဆိုတာ အစတည်းက သတင်းပေးပြီးသား ဖြစ်တယ် ။
ကိတ်မုန့်ပေါ်မှာ အသည်းပုံလေးတောင် ပါသေးတယ်လို့ ဝေဦးဆီက သတင်းရထားတယ် ။ငါ လွန်ခဲ့တဲ့ သုံးရက်ထဲက youtube ကနေ Home cake making ဆိုပြီး ဗီဒီယိုမျိုးစုံကို ရှာကြည့်ထားပြီး ဖြစ်တယ် ။
အဲ့တာကြောင့် နှင်းဆီချို ထက် ပိုသာတဲ့ ကိတ်မုန့်ကို ငါ လုပ်နိုင်ရမယ်လို့ တွေးခဲ့တယ် ။ငါ့အကြံအစည်က နှင်းဆီချိုထက် ပိုလှတဲ့ ကိတ်မုန့်ကို လုပ်ဖို့ဖြစ်တယ်လို့ ပြောတဲ့အခါမှာ ဝေဦးက ငါ့အကြံအစည်ကို သိပ်မထောက်ခံချင်ခဲ့ဘူး ။
ဘာလို့လဲဆိုတော့ အဲ့အကြံအစည်က ဗီလိန် သိပ်မဆန်လို့ပဲ တဲ့ ။
ဒါပေမယ့် ငါ ယူလာတဲ့ ကိတ်မုန့်ကို ဝေဦး မြင်သွားတဲ့အခါမှာတော့ ဝေဦးက ငါ့ကို ချီးကျူးလေတော့တယ် ။" ကိုဆတ်ရိပ်ထင် ကိတ်ကို ဒီလိုပုံစံ လုပ်လာလိမ့်မယ်လို့ကို ကျွန်တော် မထင်ထားခဲ့တာ... ခုတော့ ကိုဆတ်ရိပ်ထင်ကို ကျွန်တော် အရမ်းလေးစားသွားပြီဗျာ... "
" ဟဲဟဲ... ဝေဦး... ငါ့ကိတ်က မိုက်တယ်မလား... "
ငါက ငါ့လက်ရာ အသည်းပုံ ကိတ်ကို ဂုဏ်ယူဝံ့ကြွားစွာနဲ့ မေးလိုက်တယ် ။
" မိုက်တာပေါ့... ကိုဆတ်ရိပ်ထင် က အစက ကိတ်မုန့်လုပ်မယ်ဆိုတော့ သာမန်ပဲ ထင်နေခဲ့တာ... အခုတော့ အကြံအစည်နဲ့ လုပ်ခဲ့တာကိုး... လုံးဝ ဗီလိန်မဟာအကြံအစည် ပီသတယ်ဗျာ... ဘယ်မိန်းကလေးမှ ကိုဆတ်ရိပ်ထင် လုပ်တဲ့ ကိတ်မုန့်ပုံစံ လုပ်ရဲမှာ မဟုတ်ဘူး... လေးစားမိတယ်ဗျာ... "
" ဟမ်... ငါလုပ်တဲ့ ကိတ်ပုံစံက ဘာလို့ ဘယ်မိန်းကလေးမှ မလုပ်ရဲရမှာတုန်း... "
ငါ့ကိတ်ကို ငါ ပြန်ကြည့်ပြီး ဇဝေဇဝါနဲ့ ပြန်မေးမိတယ် ။
အသည်းပုံ ကိတ်က ဘာထူးဆန်းနေလို့လဲ ။" ဟုတ်တယ်လေ... ကိုဆတ်ရိပ်ထင် လိုမျိုး ကိတ်မုန့်ကို ဖင်တုံးပုံစံလေး ဘယ်မိန်းကလေးက လုပ်ရဲမှာလဲ... ဒီကိတ်ကို CEO က စားလိုက်တာနဲ့ ကိုဆတ်ရိပ်ထင် ရဲ့ ဖင်တုံးလေးကို CEO စားလိုက်တယ်ဆိုပြီး ဖြစ်သွားမှာလေ... တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ မဟုတ်ဘူးလား... "
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...