အခန်း (၃၉)
CEO က ငါ့ကို ပြုံးပြီး ရွှန်းရွှန်းစားစားကြီး ကြည့်နေတယ် ။
ငါလည်း CEO ကို ပြန်ကြည့်ပြီး ဒီယောကျ်ားက အရမ်းချောပြီး အရမ်းမိုက်တာပဲလို့လည်း တွေးမိသွားတယ် ။
ပြီးတော့ ငါ့ရဲ့စိတ်ထဲမှာ နှမျောတသစိတ်လည်း ဝင်မိသွားလေတယ် ။အခုဆိုရင် ငါက ငါ့ mission တွေ လုပ်ဆောင်တာ ပြီးသွားပြီ မဟုတ်လား ။
အဲ့တော့ မူလကမ္ဘာကို ပြန်ရတော့မှာလေ ။
မူလကမ္ဘာက ဇာတ်လမ်းတို ကြည့်ကြတဲ့ ပရိသတ်တွေလည်း အခု ဇာတ်သိမ်းကို ကျေနပ်နှစ်သက် သဘောကျကြမှာပဲ ။အမှန်ဆို ဇာတ်လမ်းတိုတွေမှာ မင်းသားနဲ့ မင်းသမီး ဖက်လိုက်ကြရင် စာတန်းထိုးပြီး ဇာတ်သိမ်းသွားရမှာ မဟုတ်လား ။
အခုတော့ ဘာစာတန်းမှလည်း မထိုးသလို ဘာမှလည်း ဇာတ်မသိမ်းသေးဘူး ။
ငါ့အရှေ့က CEO ကလည်း ဒီအတိုင်း ငါ့ကို ကြည့်နေတုန်းပဲ ။တစ်ခုခုတော့ မှားနေပြီဆိုတာ ငါ သတိထားမိသွားတယ် ။
ဘာလို့ ငါက မူလကမ္ဘာကို ပြန်မရောက်သွားရသေးတာလဲ ။
ငါလည်း ဖုန်း ပါဝါကို ခပ်မြန်မြန် ဖွင့်လိုက်တယ် ။
ပြီးတော့ မက်ဆင်ဂျာထဲ ဝင်ပြီး System ကောင်ကို မေးလိုက်တယ် ။' ငါ အခု mission ပြီးပြီ မဟုတ်ဘူးလား... မူလ ကမ္ဘာကို ပြန်မရောက်သေးဘူးလား... '
System ဘက်က ချက်ချင်း reply ပြန်လာတယ် ။
' မင်း ပြန်လို့ မရဘူး... အဓိက ကတော့ အချက် သုံးချက်ကြောင့်ပဲ... '
' သုံးချက်တောင်... ဘာတွေတုန်းဟ... '
ငါလည်း အံ့သြသွားပြီး ပြန်မေးမိတယ် ။
ငါ စာရိုက်နေတာကို CEO က ကြည့်ပြီး ငါ့ကို နားမလည်သလို ကြည့်လာတယ် ။" ခဏလေးနော် CEO... အရေးကြီး ကိစ္စလေး မေးစရာ ရှိနေလို့... "
CEO က မကျေနပ်ပေမယ့် ငါက အရေးကြီးကိစ္စလို့ ပြောလိုက်တော့ ဘာမှ ပြန်မပြောတော့ဘူး ။
ငါလည်း System ရဲ့ reply ကို ပြန်ဖတ်လိုက်တယ် ။' တစ်... မင်းက နိုင်ထူးသွင်နဲ့ ထိန်လျှံဝဠာ တို့ရဲ့ မူလဇာတ်ကြောင်းကို သွေဖယ်အောင် လုပ်ခဲ့တယ်... ငါပြောတယ်မဟုတ်လား... မင်း နိုင်ထူးသွင် ကို စံလင်းသစ် နဲ့ အောင်သွယ်ပေးရင် အပြစ်ပေး ခံရမှာပါ ဆိုတာကို... အဲ့တော့ အပြစ်ပေးတဲ့အနေနဲ့ မင်းကို အခု ပြန်ခွင့် မပေးဘူး... နိုင်ထူးသွင် ရဲ့ အချစ်ဇာတ်လမ်း အဆုံးသတ် ပြီးသွားတဲ့အထိ မင်း ဒီကမ္ဘာမှာ နေရမယ်... '
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...