အခန်း (၅၁)
ငါ မယုံကြည်နိုင်စွာပဲ ကျော်လင်းည အသံလာရာဘက်ကို လှည့်ပြီး မေးခွန်းထုတ်လိုက်တယ် ။
" ကိုစံလင်းသစ်က မင်းနဲ့ တူတူ အိပ်ပြီးပြီ... ဟုတ်ရဲ့လား ကျော်လင်းည ရယ်... "
ကျော်လင်းည က ပြန်ဖြေဖို့ လုပ်နေချိန်မှာပဲ ကားဒရိုင်ဘာ က ဟို ပြန်ပေးသမား သုံးယောက်ဘက်ကို လှည့်ပြီး ပြောလာတယ် ။
" ခြံထဲ ရောက်ပါပြီ ဆရာတို့... "
ပြန်ပေးသမား သုံးယောက်က ကျော်လင်းည ဆီက ဘာအဖြေ ပြန်ပေးလာမလဲကို စိတ်ဝင်စားနေကြတယ် ။
အဲ့တာကြောင့် ဒရိုင်ဘာဘက်ကို လှည့်ပြီး ခပ်အုပ်အုပ် လေသံနဲ့ တိုးတိုး ပြန်ပြောလိုက်တယ် ။" ကားကို ဒီနားလေး ခဏ ပတ်မောင်းလိုက်ဦး... ဒီမှာ စကားစ မပြတ်သေးဘူးကွ... "
ကားသမားက ဆက်မောင်းနေတော့မှ သူတို့ သုံးယောက်လည်း ကျော်လင်းည ဖြေတာကို ဆက်နားထောင်ကြတယ် ။
" တကယ်ပါ ကိုကြီးရာ... အဲ့နေ့က ကျွန်တော့်ဟာတွေ သူ့မှာ အကုန်ပေကုန်တာတဲ့... ပြီးတော့ ကျွန်တော်က သူ့ကို လုပ်လိုက်မိတာတဲ့... "
ကျော်လင်းည ရဲ့ အဖြေကြောင့် ပြန်ပေးသမား သုံးကောင်က အချင်းချင်း မျက်စပစ်ပြီး ဆွေးနွေးကြတယ် ။
" ငါက သူ့ကို အောက်ထပ်ကလို့ ထင်ထားတာကိုကွာ ... "
" ဟုတ်တယ်... သူ့ရုပ်နဲ့ ဘယ်လိုမှ အပေါ်ထပ် ဖြစ်နိုင်စရာ အကြောင်း မရှိဘူး... "
" ကြည့်ရတာ သူ အောက်ထပ် နေလာရတယ်ဆိုတာကို ရှက်လို့ လုပ်ကြံပြောနေတာလည်း ဖြစ်နိုင်တာပဲလေ... "
ငါ့ အမြင်ကို ပြောရမယ် ဆိုရင်လည်း ဟို ပြန်ပေးသမား သုံးကောင်နဲ့ တစ်ထပ်ထဲပဲ ။
ကျော်လင်းည ကို ဘယ်လိုမှ အပေါ်ထပ်လို့ကို ငါ့အနေနဲ့ မမြင်မိတာ ။
သူ့ဘာသာ ပစ္စည်း ကြီးတာက ကြီးတာပဲ ။
အီဖယ်မျှော်စင်ကြီးလောက်ပဲ ရှိရှိ သူက အောက်ထပ်က အောက်ထပ် ရုပ်ပဲ ။
နောက်ပြီးတော့ ကိုစံလင်းသစ်က အောက်ထပ်နေတယ်ဆိုတာလည်း ငါ့အနေနဲ့ ဘယ်လိုမှ မယုံကြည်နိုင်ဘူး ။
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...