အခန်း (၅၄)

2.3K 162 13
                                    

အခန်း (၅၄)

တိုက်ပွဲက အရမ်းအကြာကြီးတောင် မဖြစ်လိုက်ရပါဘူး ။
အမှန်တော့ ကျော်ဆင့် ငှားထားတဲ့ ကောင်တွေက ကျော်ဆင့်လိုပဲ ငကြောက်တွေ ဖြစ်နေကြတယ် ။
ညီအစ်ကို နှစ်ယောက်ရဲ့ ထိုးသတ်ပုံတွေက ကျွမ်းကျင်အဆင့် ဖြစ်နေကြတယ်ဆိုတာ သိသွားတဲ့ ပြန်ပေးသမားတွေက ခဏလောက် ချပြီးတာနဲ့ အခြေအနေ မဟန်မှန်း သိလို့ အကုန်လုံး ထွက်ပြေးကုန်ကြပြီ ဖြစ်တယ် ။

" ကိုကြီး... ကိုကြီးက ဒီကောင်တွေကို ချထားလိုက်... ကျွန်တော်က ဟို ပြန်ပေးသမားကောင်တွေကို ဖမ်းဖို့ လိုက်သွားလိုက်မယ်... "

ထိန်လျှံဝဠာ က သူ့အစ်ကို ကို လှမ်းပြောပြီး ထွက်ဖို့ပြင်တော့ ငါက လှမ်းအော်ပြောလိုက်ရတယ် ။

" ဟေ့... ထိန်လျှံဝဠာ... သူတို့ကို လိုက်ဖမ်းဖို့ မလိုဘူးဟ... သူတို့အဖွဲ့ထဲက နှစ်ယောက်ကို ငါ နာမည်လည်း သိတယ်... ရုပ်လည်း မြင်ဖူးတယ်... လိုက်မနေနဲ့တော့... "

နောက်ဆုံးတော့ ကျော်ဆင့် တစ်ယောက်ပဲ ကျန်တော့တာ ဖြစ်တယ် ။
ကျော်ဆင့်က အခြေနေ မဟန်တာ သိတာနဲ့ ချက်ချင်း ပဲ ယုတ်မာဖို့ ကြံလိုက်တယ် ။
သူက ဓားကို ထုတ်ပြီး ဇာတ်ညွှန်းဆရာရဲ့ အနားကို ကပ်သွားတယ် ။
ပြီးတာနဲ့ ဇာတ်ညွှန်းဆရာကို ဓားနဲ့ ရွယ်ထားလိုက်လေတယ် ။

" ဟေ့ရောင်... ထိန်လျှံဝဠာ... မင်း ထပ်လှုပ်တာနဲ့ မင်းရဲ့ ပျော်တော်ဆက်ကောင်ကို ငါ ဓားနဲ့ထိုးမှာနော်... "

" ဟေ့ကောင်... ကိုထူးက ပျော်တော်ဆက် မဟုတ်ဘူးကွ... ငါ ချစ်ခင်မြတ်နိုးရတဲ့သူ... "

သခင်ငယ်လေးရဲ့ စကားကြောင့် ဇာတ်ညွှန်းဆရာ ရဲ့ မျက်နှာကြီးက ဓားနဲ့ အထောက်ခံထားရတာတောင် ပြုံးဖြီးဖြီးကြီး ဖြစ်လို့နေလေတယ် ။

​ပြီးတော့ ဇာတ်ညွှန်းဆရာက ငါ့ဘက်ကို လှမ်းကြည့်တယ် ။
သူ့စိတ်ထဲမှာ ဘာလို့ သူ့ကိုပဲ ပစ်မှတ်အထားခံရတာလဲ ဆိုပြီး တွေးနေမှာကို ငါသိတယ် ။
ငါက မျက်စိမှတ်ပြလိုက်ပြီး စိတ်အေးအေးထားစမ်းပါကွ လို့ လှမ်းပြီး အားပေးစကားပြောလိုက်တယ် ။

CEO က ကျော်ဆင့်ရဲ့ စကားကို နားမထောင်ဘဲ အရှေ့ကို တိုးလာတယ် ။
ကျော်ဆင့်က နေလျှံအာကာ အရှေ့တိုးလာတာ မြင်တာနဲ့ ပါးစပ်က ထအော်တယ် ။

How to Flirt with a CEO (Completed)Where stories live. Discover now