အခန်း (၄၀)

2.9K 193 17
                                    

အခန်း (၄၀)

လူချင်း တူပေမယ့် ကံချင်း မတူကြဘူးဆိုတာ တကယ် အမှန်ပဲ ။
SYSTEM ထဲ ဝင်လာတာချင်း တူတာတောင် ငါက ရည်းစားရသွားပြီ ။
ဇာတ်ညွှန်းဆရာ က အခုထိ ရည်းစား မရသေးဘူး ။
ပြီးတော့ ဇာတ်သဘောအရ သူနဲ့ တွဲပေးထားတာကလည်း တကယ့်ကို red flag ကြီး ။
ဇာတ်ညွှန်းဆရာ အတွက် စိတ်မကောင်းပေမယ့် ငါ ငါ့ကိုယ်ငါ အတွက်တော့ နည်းနည်းလေး ဂုဏ်ဆာမိတယ် ။
ငါ့ ရည်းစားက ရုပ်ချောကြည့်ကောင်းတဲ့အပြင် CEO လည်း ဖြစ်နေသေးတယ် မဟုတ်လား ။

ဇာတ်ညွှန်းဆရာ ဆိုမှ ငါ အခုမှ သတိရသွားတယ် ။
ဇာတ်ညွှန်းဆရာ များ တစ်ခုခု ဖြစ်နေပြီလား ။
System က တစ်ခုမဟုတ် တစ်ခုတော့ လုပ်ထားမှာပဲ ဆိုတာကို ငါ မသိစိတ်ထဲက အလိုလို ကြိုသိနေတယ် ။
အဲ့တာကြောင့် CEO နဲ့ တူတူ ငါလည်း ဘားထဲကို ပြန်ဝင်လာလိုက်တယ် ။

ဘားထဲရောက်တော့ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ငါ အံ့သြသွားတယ် ။
သခင်ငယ်လေး က ကျော်ဆင့် ဆိုတဲ့ကောင်ကို ဆွဲထိုးထားတယ် ။
ကျော်ဆင့်က ကြမ်းပြင်ပေါ်မှာ ပက်လက်ကြီး ။
အနီးအနားမှာ တံမြက်စည်း ရှိရင် ငါလည်း ကျော်ဆင့် ဆိုတဲ့ သူတောင်းစား ကို ထပ်ထုလိုက်ပါသေးတယ် ။

အဲ့ထက် ထူးဆန်းတာက ကျော်လင်းည ။
ဒင်းက ဘယ်လိုဖြစ်ပြီး ကိုစံလင်းသစ် အပေါ်ကို ရောက်နေတာလဲဟ ။
ငါကြည့်လိုက်တော့ ကျော်လင်းည က ကိုစံလင်းသစ် ကို တက်တောင် ခွထားသေးတယ် ။

ငါ အစကတော့ ရန်ပွဲထဲ ဝင်ပါမလို့ပဲ ။
ကျော်ဆင့်ဆိုတဲ့ကောင်က သွေးထိုးစကားတွေလည်း ပြောနေသေးတာကိုး ။
ဒါပေမယ့် ထိန်လျှံဝဠာ က နိုင်ထူးသွင် ဘက်ကနေ ပြန်ပြောပေးနေတဲ့ စကားတွေကို ငါ ကြားလိုက်တော့ ငါ အဲ့ရန်ပွဲကို ဝင်မပါဖို့ ဆုံးဖြတ်လိုက်တယ် ။
ဘာလို့လဲ ဆိုတော့ သောက် System က မူလဇာတ်ကြောင်းကို သွေဖီစေမှု ဆိုတာကြီးနဲ့ ငါ့ကို ဒီကမ္ဘာထဲမှာ အကြာကြီး ဆက်ထားထားမှာ စိုးလို့ပဲ ဖြစ်တယ် ။

ငါ ဇာတ်ညွှန်းဆရာ ရဲ့ မျက်နှာကို အကဲခတ်လိုက်တယ် ။
ဇာတ်ညွှန်းဆရာ ကို ကြည့်ရတာ ထိန်လျှံဝဠာ ကို အရင်ကလိုမျိုး သိပ်ပြီး မုန်းတီးနေတဲ့ အမူအရာမျိုး မရှိတော့ဘူး ။
မျက်နှာက သိသိသာသာ ခွင့်လွှတ်ချင်နေတဲ့ ပုံစံတောင် ပေါက်နေသေးတယ် ။

How to Flirt with a CEO (Completed)Where stories live. Discover now