အခန်း (၂၀)
ဒီလိုနဲ့ ငါနဲ့ CEO တို့ ကြော်ငြာရိုက်ရမယ့်ရက်ကို ရောက်လာတယ် ။
ကြော်ငြာကိစ္စအတွက်ကို အဓိက စီစဥ်ပေးတာကတော့ ကုမ္ပဏီ ကို အသစ်ရောက်လာတဲ့ ဒါရိုက်တာ စံလင်းသစ် ပဲ ဖြစ်တယ် ။ဒါက သူ့အတွက် ဒီကုမ္ပဏီကို ရောက်လာတဲ့အချိန်မှာ ပထမဆုံး ကိုင်တွယ်ရတဲ့ ပရောဂျက် ဖြစ်တာကြောင့် စံလင်းသစ်က အများကြီး ကြိုးစားပြီး အားထည့်ထားတယ် ။
ငါ မနက်ဘက် ကုမ္ပဏီ လာတာတောင် ငါ့ကို ဘက်စ်ကားနဲ့ မလာခိုင်းဘဲ ကုမ္ပဏီ က ကားတစ်စီးနဲ့ လာပြီး အကြိုလွှတ်တယ် ။ငါ ကုမ္ပဏီ ကို ရောက်တော့ ရိုက်ကူးရေး အဖွဲ့တွေက ခေါင်မိုးထပ်မှာ ပြင်ဆင်နေကြပြီ ။
ခေါင်မိုးထပ် အကြောင်းကို တွေးမိသွားတော့ ဟိုတစ်ခါ ကိစ္စကို ပြန်အမှတ်ရပြီး ငါ နည်းနည်း ရှက်သွားသေးတယ် ။
ဒါပေမယ့် အဲ့နေ့က ကိစ္စရဲ့ ကျေးဇူးကြောင့်ပဲ ငါ ဒီနေ့ ဒီလို ကြော်ငြာရိုက်ရဖို့ ဖြစ်လာတာပဲလေ ။ဟိုတစ်ခါ လက်စွပ် ကြော်ငြာကတော့ တင်ပြီး နောက်နေ့ မှာပဲ report အထုခံရလို့ ပျက်သွားပြီ ဖြစ်တယ် ။
အဲ့ report ထုတဲ့ အုပ်စုက ညီသုတ တို့ မောင်နှမတွေ အုပ်စုဆိုတာကို ငါ ဗေဒင်မမေးဘဲ သိနေတယ် ။ငါ ကုမ္ပဏီ ကို စဝင်လာတာနဲ့ ငါ့ကို တခြားတစ်လမ်းကနေ ကားဆရာက ခေါ်လာတယ် ။
ဒါက ကုမ္ပဏီ ကို ဝင်တဲ့ အပေါက်မှ မဟုတ်ဘဲ ။
ငါလည်း ဇဝေဇဝါ နဲ့ လိုက်သွားလိုက်တယ် ။ငါ လမ်းလျှောက်နေရင်း အနီရောင် ကော်ဇောလျှောက်လမ်းတစ်ခုကို ရောက်သွားတယ် ။
ငါက ဆက်သွားရ မသွားရ ဇဝေဇဝါ ဖြစ်နေတော့ ကားဒရိုက်ဘာက ငါ့ကို ဆက်သွားဖို့ ပြောတယ် ။လျှောက်လမ်းကြီးကို လျှောက်မိလိုက်တော့ လမ်းတစ်ဝက်လောက်ကနေ စပြီး နှင်းဆီပန်း ပွင့်ဖတ် တွေ စီရရီ ခင်းထားတာကို ငါမြင်လိုက်ရတယ် ။
ငါ နှင်းဆီ ပွင့်ဖတ်တွေကို ခပ်ဖွဖွလေး နင်းပြီး romantic ဆန်ဆန် ခံစားနေရတယ် ။လျှောက်လမ်း အဆုံးကို ငါကြည့်လိုက်တော့ CEO က နှင်းဆီပန်းစည်းကြီးကို ကိုင်ထားပြီး ငါ့ကို စောင့်နေတယ် ။
ငါ ရင်တွေခုန်လာတယ် ။
CEO က ငါ့ကို ချစ်ခွင့်ပန်ချင်နေတာလား ။
YOU ARE READING
How to Flirt with a CEO (Completed)
Roman d'amourဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...