အခန်း (၁၃)

3.6K 266 12
                                    

အခန်း (၁၃)

ငါ ထောင်လိုက်တဲ့ ဆတ်ရိပ်အာကာ fan page က တစ်ညနေလုံး နေတောင် page like က နှစ်ခုပဲ ရတယ် ။
အဲ့တာထက် ဆိုးတာက Page ကို inappropriate ဆိုပြီး report ထုသွားကြလို့ page ကလေးပါ ကျသွားရှာတယ် ။

ငါလည်း တော်တော်လေး စိတ်လေသွားတယ် ။
အဲ့ report ထုတဲ့လူတွေထဲမှာ ညီသုတ တို့ မောင်နှမက ထိပ်ဆုံးက ဖြစ်မယ်ဆိုတာ ငါ ဗေဒင်မမေးရင်တောင် တန်းသိနိုင်တယ် ။

ငါလည်း စိတ်ပျက်လက်ပျက်နဲ့ ဇာတ်ညွှန်းဆရာကို ညဘက် သွားမယ့် ကလပ်ရဲ့ နာမည်ကို မေးလိုက်တယ် ။
ဇာတ်ညွှန်းဆရာက ပြောပြတော့ ငါ လိုက်မှတ်ထားလိုက်တယ် ။
ခဏနေတော့ ငါ သွားဖို့လုပ်တော့ ငါ့ညီမက လှမ်းမေးလာတယ် ။

" အကို... နင် ဘယ်သွားမလို့လဲ... ရှိုးအပြည့်နဲ့... "

" ကလပ်သွားမလို့ အငယ်မ... "

" အဲ့တာဆို ငါ့ကိုပါခေါ်... ငါလည်း လိုက်မယ်... "

ငါ မခေါ်ချင်လို့ သူ့ကို အကြောင်းအမျိုးမျိုး လှည့်ပတ်ပြပြီး ထားခဲ့လိုက်တယ် ။
အငယ်မ က ငါ့ကို သိပ်ပြီး ကျေနပ်တဲ့ပုံ မပေါ်ပါဘူး ။
ဒါပေမယ့် ဘယ်ကလပ်လဲလို့ ခဏခဏ မေးနေတာနဲ့ သွားမယ့် ကလပ်နာမည်တော့ ပြောပြလိုက်ရတယ် ။

နိုင်ထူးသွင် ညဘက်ရောက်တော့ သခင်ငယ်လေး ထိန်လျှံဝဠာက သူ့ကို အဆင်သင့် ဖြစ်ပြီလားလို့ မေးလာတယ် ။
သူက အဆင်သင့် ဖြစ်ပြီဆိုတော့ သူဝတ်ထားတဲ့ အဝတ်တွေကို ကြည့်ပြီး လှောင်ပြောင်လာတယ် ။

" မင်းဝတ်စုံတွေကလည်း အပေါစား ဆန်လိုက်တာကွာ... ဒီ့ထက် ကောင်းတာမျိုး မရှိတော့ဘူးလား... မင်း ဖင်ကို ရောင်းစားလို့ ရတဲ့ ပိုက်ဆံတွေကို မင်း ဘယ်နေရာမှာ သွားသုံးပစ်လိုက်သလဲ ... ဟမ်.. "

နိုင်ထူးသွင်က ဘာမှ ပြန်မဖြေတော့ဘူး ။
ဒီငွေတွေ အကုန်လုံး သူ့အမေရဲ့ ဆေးရုံစရိတ်အတွက် ကုန်သွားတယ် ဆိုတာကိုလည်း သခင်ငယ်လေး နားလည်နိုင်မှာ မဟုတ်ဘူး ။
သူ့အတွက် အလုပ်တက် အဝတ်အစားကလွဲရင် တခြား အဝတ်အစား ကောင်းကောင်းမွန်မွန် ဆိုတာ မရှိနေဘူး ။

" သခင်လေး သွားတော့မယ်ဆိုရင် ရပါပြီ... "

" ငါ့သူငယ်ချင်းတွေနဲ့ သွားတွေ့ရမှာ... သွား ဒီဝတ်စုံကို လဲခဲ့... "

How to Flirt with a CEO (Completed)Where stories live. Discover now