အခန်း (၂၈)
အိမ်ထဲမှာ ပွဲကောင်းနေကြတုန်းမှာ နေလျှံအာကာ က ကျော်လင်းည ရဲ့ ခြံစည်းရိုးကို ကျော်တက်ဖို့ ကြိုးစားနေပြီ ဖြစ်တယ် ။
သောက်ချီး ခြံစည်းရိုးကြီးက အမြင့်ကြီး ဆိုပေမယ့် ချစ်တဲ့စိတ်က ဖမ်းစားတော့ မြက်ပင်ပုလေးလို့ပဲ နေလျှံအာကာ ရဲ့ မျက်လုံးထဲမှာ မြင်တယ် ။" ချီး... မြက်ပင်ပုလေးကလည်း ခုန်ချတာ နာလိုက်တာဟ... "
နေလျှံအာကာ ခြံစည်းရိုးကို ခုန်ချပြီးနောက် ညည်းတွားလိုက်မိတယ် ။
ဒါပေမယ့် သူ အက်ရှင်ကားတွေ အလကား ကြည့်ထားတာမှ မဟုတ်ဘဲ ။
ဒီလောက်ကတော့ သူ့အတွက် အပျော့ဘဲလို့ တွေးရင်း ထော့နင်းထော့နင်းနဲ့ အိမ်ထဲကို ဝင်သွားလိုက်တယ် ။" မင်းက ဘယ်ကကောင်လဲကွ... "
ကျော်ဆင့်က သူ့ခေါင်းကို သူ ပွတ်ရင်း တံမြက်စည်း ကိုင်ထားတဲ့ ငါ့ဘက်ကို လှည့်လာတယ် ။
ကျော်ဆင့်က ငါ့ကို ကြည့်ပြီး မှတ်မိသလိုလို မမှတ်မိသလိုလို ဖြစ်နေတယ် ။
နောက်မှ မှတ်မိသွားတယ် ။" မင်း... ခွေးသား... မင်းက ပျော်တော်ဆက်ကောင်ရဲ့ သူငယ်ချင်း အပျက်ကောင်ပဲ... "
" အေး... ခုနက တစ်ချက် က ငါ့သူငယ်ချင်းအတွက် ထုတာ... အခုတစ်ချက်က ငါ့ကို စော်ကားလို့ ထုတာ... "
ငါ ကျော်ဆင့် ကို တံမြက်စည်းရိုးနဲ့ နောက်တစ်ချက် ခေါင်းကို ထပ် ထုပေးလိုက်တယ် ။
ကျော်ဆင့်က ညာကော ဘယ်ကော ဂျိုစောင်း နှစ်ဖက်လုံး ဘုတွေ ထွက်လာပြီဖြစ်တယ် ။
ကျော်ဆင့်က ငါ့ကိုဆွဲထိုးဖို့ ကမူးရှူးထိုး ပြေးထွက်လာတယ် ။ငါလည်း သူ့ကို မကြောက်တဲ့ မျက်နှာနဲ့ ကြည့်လိုက်တယ် ။
ပြီးတော့ အရမ်းကြောက်စရာ ကောင်းတဲ့ အသံနဲ့ တစ်ခွန်းပဲ ပြောချလိုက်တယ် ။" ကျော်လင်းည ရေ... ငါ့ကို လာကယ်ပါဦး... "
ကျော်လင်းညက ရိုက်ဖို့ တစ်ခုခု ရှာနေတာ ဖြစ်တယ် ။
ဒါပေမယ့် ရိုက်စရာအတွက် သူ့အိမ်မှာ ဘာတစ်ခုမှ အလွယ်တကူ မတွေ့ဘူး ။
တံမြက်စည်းကလည်း အဲ့တစ်ချောင်းပဲ အရံသင့် ရှိနေတာ ။
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...