အခန်း (၁၁)
ငါ ခဏနေတော့ CEO ရဲ့ ရုံးခန်းလေးထဲမှာ မျက်နှာငယ်လေးနဲ့ ငုတ်တုတ်လေး တောင်းပန်ဖို့ ထိုင်စောင့်နေရတယ် ။
CEO ကြော်ငြာရိုက်နေတာကိုတောင် ငါ ဆက်မကြည့်ရတော့ဘူး ။
ငါ့အဖြစ်က လက်စွပ်ဗူးကို CEO လက်ထဲ ပြန်ထိုးထည့်ပေးပြီး ရှက်ရှက်နဲ့ ခေါင်မိုးထပ်ကနေ ပြန်ပြေးဆင်းခဲ့ရတဲ့ အဖြစ် ။
ပြေးရတယ်ဆိုတာကလည်း ဗိုက်နာနေတာကြောင့် အိမ်သာပြေးဖို့လည်း ပါတယ် ။CEO ကို စောင့်နေရင်း ဗိုက်က နာလာပြန်တယ် ။
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုတာ တကယ်ပဲ ။
ငါလည်း အိမ်သာထဲမှာ တစ်ယောက်ထဲ အီးမိုးတွေ သွားရွာရပြန်တယ် ။
ငါ အိမ်သာက ထွက်လာတော့ CEO က အခန်းထဲမှာ ပြန်ရောက်နေပြီ ။ငါ တရုတ်နန်းတွင်းကားတွေထဲကလို အခန်းထဲကို ဒူးထောက်လျက်သားနဲ့ တရွေ့ရွေ့ ဝင်သွားလိုက်တယ် ။
ငါ အဲ့လို ဝင်လာတဲ့ပုံကို နေလျှံအာကာ က အထူးတဆန်းလိုမျိုးကြည့်နေတယ် ။" မင်း ဘာလုပ်နေတာလဲ... "
" ကျွန်တော်... ကျွန်တော်မျိုး ဆတ်ရိပ်ထင်... CEO အပေါ်ကို သေလောက်တဲ့အမှားကို ကျူးလွန်မိပါတယ်... "
CEO က ငါ့ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက်ပဲ ပြန်ပြောလာတယ် ။
" ဒူးထောက်မနေနဲ့... ထတော့... "
" ဟို... အပြစ်ပေးမယ်ဆိုရင်တောင် အလုပ်ထုတ်ပစ်တာမျိုးတော့ မလုပ်ပါနဲ့နော် CEO... "
ငါက သနားစဖွယ် မျက်နှာပေးလေးနဲ့ CEO ကို အသနားခံလိုက်ရတယ် ။
CEO က ငါ့ကို တစ်ခုခု ပြောဖို့လုပ်ပြီးမှ နှာခေါင်းကို တရှုံ့ရှုံ့ လုပ်ရင်း သူ့ အတွင်းရေးမှူးကို လှမ်းကြည့်ပြီး မေးလေတယ် ။" ညီသုတ... ငါ မရှိတုန်းက ငါ့အခန်းထဲကို ခွေးတွေ ကြောင်တွေများ ဝင်သေးသလား... "
ညီသုတ ဆိုတာက CEO ရဲ့ အတွင်းရေးမှူးလေးရဲ့ နာမည်မှန်း ငါသိသွားတယ် ။
ကောင်လေးက ဝေဦးနဲ့ ရွယ်တူလောက်ပဲ ရှိမယ် ။ငါ အကြံစည်ကြီး တစ်ခုကို ခေါင်းထဲမှာ ပုံဖော်နေလိုက်တယ် ။
ဟုတ်ပြီ... ။
ဝေဦးကို ညီသုတနဲ့ တွဲခိုင်းမယ် ။
ဝေဦးက တကယ်မကြိုက်ရင်တောင် ဟန်ဆောင်ပြီး ကြိုက်လို့တော့ ရမှာပဲ ။
ရုပ်ရှင်ကားတွေထဲကလိုမျိုးပေါ့ ။
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...