အခန်း (၃၁)

2.1K 158 13
                                    

အခန်း (၃၁)

နောက်ရက်ကျတော့ အိမ်ကို မထင်မှတ်ထားတဲ့ ဧည့်သည်တစ်ယောက် ပေါ်လာတယ် ။
အဲ့တာကတော့ သခင်ငယ်လေး ထိန်လျှံဝဠာ ပဲ ။
သူက ငါ့အိမ်လိပ်စာကို ဘယ်လို သိသွားလဲတော့ မသိဘူး ။

" ကျွန်တော် နိုင်ထူးသွင် နဲ့ တွေ့ချင်လို့ လာတာ... "

အိမ်ရှေ့ရောက်လာတဲ့ ထိန်လျှံဝဠာ ကို ငါက အိမ်ထဲ ပေးမဝင်ဘူး ။
အိမ်အပြင်ထွက်ပြီးတော့ပဲ စကားပြောတယ် ။
ဇာတ်ညွှန်းဆရာ ပြောပြထားတဲ့ အကြောင်းအရာတွေကြောင့် ငါ သခင်ငယ်လေး ကို မတရား အမြင်ကပ်နေခဲ့တာ ။

ဇာတ်ညွှန်းဆရာ ကို သူ လုပ်ထားတာတွေက ခွင့်လွှတ်ချင်စရာမှ မကောင်းတာ ။
ငါကတော့ ထိန်လျှံဝဠာ ကို လုံးဝ ခွင့်မလွှတ်နိုင်ဘူး ။
ခွင့်လွှတ်ဖို့ ဆိုတာ ငါ ဆုံးဖြတ်ရမယ့် အလုပ် မဟုတ်ပေမယ့်ပေါ့လေ ။
အကယ်၍ ဇာတ်ညွှန်းဆရာက ခွင့်လွှတ်ပေးမယ် ဆိုရင်တောင် ငါကတော့ ခွင့်လွှတ်မှာ မဟုတ်သေးဘူး ။

" မရှိဘူး... မသိဘူး... တွေ့လို့မရဘူး... "

ငါလည်း ဘဂလန့်ပဲ ပြန်ဖြေလို​က်တယ် ။

" အဲ့ ဒရိုင်ဘာက ကျွန်တော့်ဖုန်းလည်း မကိုင်ဘူး... ကျွန်တော်ပို့တဲ့ စာလည်း မပြန်ဘူး... အဲ့တာကြောင့် လူကိုယ်တိုင် လိုက်လာတာဗျ... "

သခင်ငယ်လေးက ငါ့ကို ဂျစ်တစ်တစ် ကြည့်ပြီး ပြောလာတယ် ။
CEO မျက်နှာ ကြောင့်သာ ငါနဲ့ စကားပြောတုန်း သူ့ကိုယ်သူ ကျွန်တော်လို့ သုံးတာ ။
မဟုတ်ရင် မင်းနဲ့ငါနဲ့ ဆိုပြီး ပြောချင်နေတဲ့ပုံပဲ ။
သူ့မျက်နှာက စိတ်ရှည်နေပုံလည်း ပေါ်မနေဘူး ။

" နိုင်ထူးသွင် က မင်းတို့အိမ်က ဒရိုင်ဘာ မဟုတ်တော့ဘူး... အဲ့တာကြောင့် ငါ့သူငယ်ချင်းကို ဒရိုင်ဘာကောင်လို့ ခေါ်စရာမလိုဘူး... ပြီးတော့ မင်းကို ငါ့အိမ်မှာလည်း မမြင်ချင်ဘူး... ဟိုမှာ ငါ့အိမ်က တံမြက်စည်း တွေ့တယ်နော်... ငါ့ တံမြက်စည်းက ခေါင်းမရွေးဘူး... "

ထိန်လျှံဝဠာ က ဆတ်ရိပ်ထင် ပြတဲ့ဆီကို လိုက်ကြည့်လိုက်တော့ တကယ်ပဲ တံမြက်စည်း ကို တွေ့ရတယ် ။
သူ တခြားဟာ မကြောက်ပေမယ့် ဒီလူရဲ့ တံမြက်စည်းသိုင်းကိုတော့ နည်းနည်းကြောက်တယ် ။
အဲ့တာက တကယ်ကြီးကို နာမယ့်ပုံ ပေါ်တယ်ဆိုတာ ဟိုနေ့ညက ကျော်ဆင့်ရဲ့ မျက်နှာကို ကြည့်တာနဲ့တင် သိနိုင်တယ်လေ ။

How to Flirt with a CEO (Completed)Where stories live. Discover now