အခန်း (၁၈)
ပြန်တဲ့ လမ်းမှာ ကျော်လင်းည က ငါ့ ဒဏ်ရာကိုပဲ တစ်ချိန်လုံး ကြည့်နေလို့ ငါ့မှာ သူ့ကို ကားကိုသာ အာရုံစိုက် မောင်းဖို့ မှာရတယ် ။
" နေလျှံအာကာ ထည့်ပေးတဲ့ဆေးက စိတ်ချရတာ မဟုတ်ဘူး ကိုကြီးရ... ညီ ဆေးအသစ်ပြန်ထည့်ပေးရမလား... "
" ရတယ်... ရတယ်... အခုကိုပဲ ကိုယ် အရမ်း အဆင်ပြေနေပါပြီ... "
ငါ့မှာ အသည်းအသန် ငြင်းလိုက်ရသေးတယ် ။
" မနက်ဖြန် ကျရင် ညီလည်း ကိုကြီးကို လာကြည့်မယ်နော်... "
" နေစမ်းပါဦး... မင်း လာချင်ရင် ကိုယ့်ညီမဆီပဲ လာလေ ... ညီမလေးဆီ မလာဘဲ ကိုယ့်ဆီပဲ သီးသန့်လာနေစရာ မလိုပါဘူးကွာ... "
ငါက သူ့ကို မသိမသာနည်းနဲ့ ပထုတ်လိုက်တာဖြစ်တယ် ။
ကျော်လင်းည က ငါ့ကို နားမလည်သလိုမေးတယ် ။" ကျွန်တော်က ဘာလို့ သက်သိမ့်ခင် ဆီကို လာရမှာလဲ ကိုကြီးရ... "
" မင်းက ကိုယ့်ညီမနဲ့ ကြိုက်နေကြတာ မဟုတ်ဘူးလား... အဲ့တာကြောင့် ကိုယ့်ဆီ ခဏခဏလာနေရင် ကိုယ့်ညီမလေး တစ်မျိုးထင်နိုင်တယ်လေ... "
" အော်... အဲ့တာလား ကိုကြီးရ... အဲ့ကိစ္စဆိုရင် စိတ်မပူနေနဲ့တော့.... ကျွန်တော်နဲ့ သက်သိမ့်ခင် နဲ့က ပြတ်ပြီးသွားကြပြီ... "
အဲ့အဖြေကို ငါ မမျှော်လင့်ထားတော့ နည်းနည်းတော့ အံ့အားသင့်သွားတယ် ။
ဒီခေတ် ကလေးတွေက ဘယ်လိုပါလိမ့်... ။
ချစ်လွယ်ကြိုက်လွယ် ကွဲလွယ်လိုက်ကြတာဆိုတာ ။ငါသိသလောက်ဆိုရင် သူတို့နှစ်ယောက် ကြိုက်တာ တစ်လတောင် မရှိလိုက်ဘူးထင်တယ် ။
ဒါပေမယ့် နှစ်ဦးသဘောတူ ပြတ်ကြတာ ဆိုတော့လည်း ငါက ကြားထဲက ဘာမှ ဝင်မပြောသာဘူး ။" အော်... အဲ့လိုလား... "
" ဟုတ်တယ်... အဲ့တာကြောင့် ညီ ကိုကြီးဆီပဲ သီးသန့်လာလည်း ကိုကြီး ဘာမှ ဝန်ထုပ်ဝန်ပိုး ဖြစ်နေစရာမလိုဘူး... "
ကျော်လင်းည ကတော့ သူ့တွက်ကိန်းနဲ့သူ ဟုတ်နေပေမယ့် ငါကတော့ သူ ငါ့ဆီ ခဏခဏ လာမှာကို မလိုလားနေဘူး ။
ငါ့ mission ကို နှောင့်နှေးစေမယ့် အရာမှန်သမျှကို ငါကိုယ်တိုင် ကြိုတင်ပြီး ရှင်းပစ်ရမယ် ။
မဟုတ်ရင် ငါ ဟိုဘက် ကမ္ဘာကို ပြန်ရမှာ ကြန့်ကြာနေနိုင်တယ်လေ ။
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...