အခန်း (၁၇)

2.8K 200 8
                                    

အခန်း (၁၇)

ငါတို့ CEO ရဲ့ အိမ်ရောက်လို့ ကားရပ်လိုက်တာနဲ့ အနောက်က ထပ်ချပ်မကွာ လိုက်လာတဲ့ ကျော်လင်းည ရဲ့ ကားကပါ ပါလာလေတယ် ။
ကားဘက်မှန်ကနေ အဲ့ကားကို ကြည့်ရင်း နေလျှံအာကာ က နှာခေါင်း တစ်ချက် ရှုံ့လိုက်သေးတယ် ။

" ဒီကောင်က တော်တော် အားနေတာပဲ...  အလုပ် မရှိဘူးလား ... ဒါမှမဟုတ် ဦးနှောက်မရှိဘူးလား... "

CEO ဆီက လူတစ်ယောက်ကို မကျေမနပ် ပြောတဲ့ အသံကို ငါ ပထမဆုံး ကြားဖူးတာ ဖြစ်တယ် ။

ဖုန်း နိုတီက အသံတက်လာလို့ ငါဝင်ကြည့်လိုက်တော့ နေလျှံရိပ်ထင် Fan Page ကနေ ပို့စ်တစ်ခု တင်ထားတာကို တွေ့လိုက်တယ် ။

' ဆတ်ရိပ်ထင် လေးကို သူ့အစ်ကိုနဲ့ သဘောမတူတဲ့ ညီဖြစ်သူ ထိန်လျှံဝဠာ မှ ထိုးကြိတ်မှု ဖြစ်ပွား... '

Post အောက်မှာတော့ ထိန်လျှံဝဠာ ကို မေတ္တာပို့ ဆဲဆိုနေကြသူတွေ တပုံကြီးကို ငါတွေ့လိုက်ရတယ် ။
ငါတို့ ရန်ဖြစ်နေတာကို ပုံရအောင် ရိုက်သွားပြီး တင်နိုင်တဲ့ Fan တွေကိုပဲ ငါ လေးစားနေမိတယ် ။

Caption ကြီးက ကျေနပ်အားရစရာ ဖြစ်ပေမယ့် တကယ့် အဖြစ်မှန်က အဲ့လိုမှ မဟုတ်ဘဲ ။
ငါ့ကို ဝိုင်းသနားနေကြတဲ့ ကွန်မန့်တွေ ကို ကြည့်ရင်း ငါ နည်းနည်းတော့ ကျေနပ်နေမိပေမယ့် ပေါ့လေ ။

" ဆတ်ရိပ်ထင်... ဆင်းတော့လေ... "

CEO က ငါ့ကို လှမ်းခေါ်မှ ငါ ဖုန်းကို ကြည့်နေတာကို ရပ်လိုက်ရတယ် ။

နိုင်ထူးသွင် ကတော့ ခုနကထက် တည်ငြိမ်သွားပုံပေါ်ပါပြီ ။
သူက ငါ့ဆီက အကူအညီ မယူဘဲ သူ့ဘာသာသူ ကားပေါ်က ဆင်းသွားနိုင်ပြီ ဖြစ်တယ် ။

" ဟုတ်ကဲ့... CEO... "

" ကိုကြီး... မျက်နှာ နာနေလို့ မဆင်းနိုင်ဘူးလား... ညီ လာတွဲပေးရမလား... "

ကားရပ်လိုက်တာနဲ့ ငါ့ဘေးကို အလျင်အမြန် ရောက်လာတဲ့ ကျော်လင်းည ကို တွေ့ရတယ် ။
အဲ့ကောင်လေးက နည်းနည်း အိုဗာ ဖြစ်တယ်လို့ ထင်ရပေမယ့် မဆိုးတော့ မဆိုးရှာဘူး ။
ငါ့အပေါ်တော့ တော်တော်လေး ဂရုစိုက်ရှာလေတယ် ။

How to Flirt with a CEO (Completed)Where stories live. Discover now