အခန်း (၅၈)
နောက်တစ်နေ့ ဟိုတယ်က Check Out ထွက်ပြီး အိမ်ပြန်ရောက်တာနဲ့ ငါ ဇာတ်ညွှန်းဆရာ ကို ဖုန်းဆက်ပြီးတော့ ပယ်ပယ်နယ်နယ် ဆဲရလေတော့တယ် ။
" ငါ့လခွီး... မင်းပြောတော့ ကောင်းတယ်ဆို... ဘာကောင်းတာလဲ... ငါ့မှာ မသေရုံ တမယ်ပဲ... "
ငါ နာကျင်မှု မပျောက်သေးတဲ့ အသံနဲ့ ညည်းညည်းညူညူ ဆိုလိုက်ရတယ် ။
ငါ့အသံကို ကြားပြီး ဇာတ်ညွှန်းဆရာ က ရယ်ကျဲကျဲ လုပ်နေသေးတယ် ။
ပြီးမှ ငါ့ကို ရယ်မောရင်း အားပေးစကား ဆိုလေတယ် ။" သားကြီးကလည်းကွာ... ဒါက အစ မို့လို့ပါ... နောက်ဆိုရင် မင်းအနေနဲ့ ကောင်းသွားမှာ... တစ်ခါထဲနဲ့တော့ ဘယ်စွဲပါ့ဦးမလဲ... ကော်ဖီသောက်သလိုပေါ့... အစကတော့ ခါးလှချည်ရဲ့ဆိုပြီး မကြိုက်ရာကနေ နောက်တော့ အဲ့ ခါးတာလေးကိုပဲ စွဲမက်သွားကြတာ မဟုတ်လား... "
ဇာတ်ညွှန်းဆရာ ရဲ့ စကားက မှန်မမှန်တော့ ငါ နည်းနည်း သံသယဖြစ်မိတယ် ။
သူပြောသလိုပဲ စမ်းကြည့်ရမလားလို့လည်း တွေးလိုက်မိတယ် ။
ဘာလို့လဲဆိုတော့ ဇာတ်ညွှန်းဆရာက ဒီနေရာမှာ အတွေ့အကြုံ အများကြီး ရှိတယ် မဟုတ်လား ။" မင်း... မင်းပြောတာ သေချာပါတယ်နော် သားကြီး... "
ငါက ပိုပြီး သေချာအောင် Confirm လုပ်လိုက်တာ ဖြစ်တယ် ။
" အမလေး... သေချာသလားတော့ မမေးနဲ့ သားကြီး... ငါနဲ့ ထိန်လျှံ နဲ့ ဆိုရင် ဆေးရုံကုတင်ပေါ်မှာတင် သုံးကြိမ် ရှိသွားပြီ... "
ငါ ဇာတ်ညွှန်းဆရာ ကို ပယ်ပယ်နယ်နယ် ဆဲပေးလိုက်မိတယ် ။
တစ်ယောက်က သွေးထွက်လွန်ထားတဲ့ကောင် ။
တစ်ယောက်က သွေးတစ်ပုလင်းလုံး အထုတ်ခံထားရတဲ့ကောင် ။
အဲ့တာကို ငြိမ်ငြိမ်မနေကြဘဲ နောက်ထပ် အောက်ဘက်ကနေ သွေးနှောနေလိုက်ကြသေးတယ် ။
နှစ်ယောက်လုံး အားပြတ်ပြီး သေကြပါစေလို့တောင် ငါ ဆုတောင်းပေးလိုက်သေးတယ် ။" ဟားဟား... မင်းကိုယ်တိုင် ကောင်းမှန်းသိရင် ငါနဲ့ ထိန်လျှံ နဲ့ကို မင်း ကိုယ်ချင်းစာနိုင်သွားလိမ့်မယ် သားကြီး... "
ဇာတ်ညွှန်းဆရာ က ရယ်ကျဲကျဲ နဲ့တောင် ထပ်ပြီး ထောက်ခံနေလိုက်သေးတယ် ။
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...