အခန်း (၄၉)

1.4K 103 9
                                    

အခန်း (၄၉)

ငါ နောက်နေ့ မနက်ရောက်တော့ ဇာတ်ညွှန်းဆရာကို ကျိန်ဆဲနေမိပြီ ။
သူပြောသလို လက်နဲ့ကျင့်တာတောင် အဲ့လောက် နာလှပြီ ။
တကယ့်ပစ္စည်း အစစ်နဲ့သာ ဆိုရင် ငါ သေများ​သေသွားမလား မသိဘူး ။

" ဟေ့ရောင်... သားကြီး... ငါတော့ မဖြစ်လောက်ဘူးထင်တယ်နော်... "

ငါ ညည်းညည်းညူညူ နဲ့ နိုင်ထူးသွင် ကို ပြောမိတယ် ။
နိုင်ထူးသွင် ကတော့ ငါ့ကို အားပေးရှာပါတယ် ။

" သားကြီးကလည်းကွာ... ပွဲမဝင် အပြင်က ကျင်းပဆိုတဲ့ မြန်မာ စကားပုံက အလကား ပေါ်လာတာမှ မဟုတ်ဘဲ... "

" မကျင့်လို့ မရဘူး လား သားကြီးရာ... တချို့တွေ ပြောကြတာတော့ မတော်လို့ ပြန်ပို့လိုက်ရတယ် ဆိုတာ မရှိဘူးဆို... သူ့ဘာသာသူ အချိန်တန်ရင် အလိုလို ဖြစ်သွားတာပဲဆို... မဟုတ်ဘူးလား.... "

ဇာတ်ညွှန်းဆရာ က သက်ပြင်းလေးကို  ခပ်မြူးမြူးချရင်း ငါ့ကို ခေါင်းခါပြတယ် ။

" မဟုတ်ဘူး သားကြီးရေ... အဲ့တာ တခြားလူတွေ အတွက်ဆိုရင်တော့ မှန်ရင်မှန်မယ်... ဒါပေမယ့် အဲ့ ညီအစ်ကို နှစ်ယောက် အတွက် ဆိုရင်တော့ မမှန်လောက်ဘူး... ငါ အရင်က သူတို့အိမ်မှာ နေတုန်းက CEO ရဲ့ ဟာကို ငါ သူရေချိုးနေတုန်း အမှတ်မထင် ဝင်သွားမိရင်း မတော်တဆ မြင်ခဲ့ဖူးတယ်... သာမန် အချိန် ဖြစ်နေတာတောင် သူ့ဟာက တော်တော်လေးကြီးတာ သားကြီး... မင်း ကံကောင်းပါတယ်ကွာ... ဖိုက်တင်း... "

ဇာတ်ညွှန်းဆရာ ရဲ့ စကားသံက CEO ရဲ့ ဟာကို မတော်တဆ မြင်ခဲ့ပုံမျိုးနဲ့ မတူဘူး... ။
အဲ့အစား တမင်တကာကို ချောင်းကြည့်ခဲ့တယ်ဆိုတဲ့ ခံစားချက်မျိုးကို ငါ ရနေတယ် ။
ဒါပေမယ့် ငါ့မှာ ဇာတ်ညွှန်းဆရာ ကို စောဒက တက်ရာ အချိန်မရှိဘူး ။
သူ ပြောတဲ့အတိုင်းဆိုရင် ငါ့အနေနဲ့ တော်တော်လေး သက်သာမယ့်ပုံ မပေါ်ဘူး ။

" အဲ့တာဆို ငါ ဆက်ပြီး လေ့ကျင့်ရဦးမှာပေါ့... "

ငါ စိတ်ပျက်လက်ပျက် ပြောလိုက်တယ် ။

" ကျင့်ထားသားကြီး... ချွေးထွက်များမှ သွေးထွက်နည်းမှာနော်... ဟင်းဟင်း... ငါ မင်းကြိုတင်ကျင့်တာကို ကူပေးရဦးမလား...  "

How to Flirt with a CEO (Completed)Where stories live. Discover now