အခန်း (၃၀)
ငါတို့ အိပ်လို့မှ မကြာသေးဘူး... ငါ့ညီမက တံခါး လာခေါက်လေတယ် ။
ငါ နာရီကို ကြည့်လိုက်တော့ မနက် ခြောက်နာရီခွဲပဲ ရှိသေးတယ် ။
ငါ့ညီမက ကျော်လင်းည ငါ့အခန်းထဲမှာ ရှိနေတာနဲ့ပဲ အဲ့လောက်အထိ ဖြစ်နေတာလား ဆိုပြီး ငါ ဒေါသထွက်ပြီး စိတ်ပေါက်သွားမိသေးတယ် ။" အငယ်မ... ဘာဖြစ်နေတာလဲ... ငါတို့ အိပ်ရတာမှ ခဏပဲ ရှိသေးတာကိုဟာ... "
ငါ တံခါးသွားမဖွင့်ဘဲ အိပ်ယာပေါ်ကနေပဲ လှမ်းအော်လိုက်တယ် ။
" မဟုတ်ဘူး အကို... နင် တံခါးဖွင့်မှ ရမယ်... "
ငါ့ညီမအသံကလည်း အလောတကြီး နိုင်နေတယ် ။
" အာ... မဖွင့်ဘူးဟာ... အိပ်ဦးမယ်... "
ငါ စိတ်မရှည်တဲ့ အသံနဲ့ ထပ်ပြောလိုက်တယ် ။
" ဆတ်ရိပ်... ကိုယ်ပါ... "
ငါ့ညီမရဲ့ ငှက်ဆိုးထိုးသံ အသံစူးစူးဝါးဝါးရဲ့ အနောက်မှာ သာယာကြည်ရှင်းပြီး ခန့်ညားထည်ဝါတဲ့ CEO ရဲ့ အသံက ထွက်ပေါ်လာတယ် ။
ဟုတ်သားပဲ... ဇာတ်ညွှန်းဆရာ ရဲ့ ကိစ္စနဲ့ ရှုပ်ယှက်ခတ်နေခဲ့ပြီးတော့ ငါ CEO ကို မေ့နေခဲ့တာပဲ ။ငါ ညတုန်းက အိမ်ရောက်ရင် CEO ကို ဖုန်းဆက်ပါမယ်ဆိုပြီးတော့ ဖုန်းလည်း မဆက်ခဲ့မိဘူး ။
ငါ့ ဘောင်းဘီအိတ်ထဲက ဖုန်းကို ငါ အလျင်အမြန် စမ်းပြီး ထုတ်လိုက်တော့ ဖုန်းက အားကုန်ပြီး စက်ပိတ်နေပြီ ။" ဟုတ်... ဟုတ်ကဲ့ CEO... ကျွန်တော် အခု လာဖွင့်ပေးမယ်... "
ငါ CEO ကို အခန်းရှေ့အထိ ခေါ်လာပေးတဲ့ ငါ့ညီမကိုပဲ ငါ အံ့သြမိတယ် ။
ဟိုက ဘာမှတောင် မပြောရသေးဘူး... သူကိုက ဇာတ်ညွှန်းအရ အဓိကဇာတ်ဆောင်ကို ကြောက်လန့်နေပြီး အတင်း ငါ့အခန်းရှေ့ကို ခေါ်လာတာပဲ ဖြစ်ရမယ် ။ငါ အိပ်ယာပေါ်ကို ကြည့်လိုက်တော့ ဖရိုဖရဲ ပုံစံနဲ့ အိပ်ပျော်နေတဲ့ ကျော်လင်းညကိုပဲ တွေ့လိုက်ရတယ် ။
ဟင်... ဇာတ်ညွှန်းဆရာ က ဘယ်ရောက်နေတာတုန်းဟ ။
ငါ ကြည့်လိုက်တော့ ငါ့အခန်းထဲက တွဲလျက်ပါတဲ့ အိမ်သာခန်းထဲမှာ တရှုံ့ရှုံ့ ငိုနေတဲ့ ဇာတ်ညွှန်းဆရာကို သွားတွေ့တယ် ။
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...