အခန်း (၁၄)

3.8K 253 6
                                    

အခန်း (၁၄)

သက်သိမ့်ခင် က ကျော်လင်းညနဲ့ ပြတ်သွားပြီ ဖြစ်တယ် ။
အမှန်တော့ သူမက ကျော်လင်းညကို ဖြတ်ပစ်လိုက်တာပါ ။

ချမ်းသာတော့လည်း ဘာဖြစ်လဲ... ။
သမီးရည်းစားချင်း ချိန်းတွေ့ကြချိန် ဟိုဟာဒီဟာလုပ်ဖို့ မပြောနဲ့... အသားချင်းတောင် မထိတဲ့ ယောကျ်ားကို ။

ပြီးတော့ ပိုသေချာသွားအောင် နှစ်ယောက်သား တူတူ ရေပူစမ်းမှာ ရေ သွားစိမ်ကြသေးတယ် ။
သူမအနေနဲ့ သူမ တစ်ကိုယ်လုံးရဲ့ စွဲမက်စရာတွေကို ဖော်ကြူးပြီး ကျော်လင်းညရှေ့မှာ ဝတ်လစ်စလစ် နေပြခဲ့တယ် ။

အမှန်ဆိုရင် သူ့လို ဆွဲဆောင်မှု ရှိတဲ့ မိန်းမ တစ်ယောက်ရဲ့ အလှကို တွေ့ရင် ဘယ်ယောကျ်ားမဆို ပစ္စည်းက မာလာရမှာပဲလေ ။
အခုကျတော့ ကျော်လင်းညရဲ့ တဘတ်ပါပါးလေးအောက်က ပစ္စည်းက ထောင်မတ်မလာဘဲ တဘတ်က ပြားချပ်ချပ်လေးသာ ဖြစ်နေခဲ့တယ် ။

အဲ့မှာ သက်သိမ့်ခင် နားလည်သွားရတာပဲ ။
သူမနဲ့ ကြိုက်နေတဲ့ ကုမ္ပဏီပိုင်ရှင် သူဌေးသား လူချောလေးဆိုတာ အမှန်တော့ ပန်းသေနေတဲ့ လူငယ်လေး တစ်ယောက်ပဲ ဆိုတာကို ။

သူမ အသက်က ငယ်သေးတယ် ။
ဒီ့ထက်ကောင်းတဲ့ ယောကျ်ားတွေကို ရှာနိုင်သေးတယ် ။
ဒီ ပန်းသေနေတဲ့ ယောကျ်ားနဲ့တော့ သူမ ဘဝ တစ်လျှောက်လုံးကို ဖြတ်သန်းမသွားနိုင်ဘူး ။
အဲ့တာက နှမျောစရာ ကောင်းလွန်းတယ်လေ ။

ဇာတ်လမ်းသွားစခဲ့တာ သူမပဲ ဆိုတော့ သူမကိုယ်တိုင်ပဲ ဇာတ်လမ်းကို ပြန်ရုတ်သိမ်းလိုက်တယ် ။
သူမ ဘက်က ဖြတ်မယ်ပြောတော့ ကျော်လင်းည က ချက်ချင်းပဲ သဘောတူခဲ့တယ် ။

ဒါကလည်း သူမကို စိတ်ချမ်းသာစေချင်လို့ သူမ ဘက်က ဖြတ်တာကို ကျော်လင်းည ခင်မျာမှာ မလွန်ဆန်ရဲဘဲ ဝမ်းနည်းစွာ သဘောတူလက်ခံခဲ့တယ်လို့ သက်သိမ့်ခင် က သတ်မှတ်ထားတယ် ။

ဒီညတော့ သူမ ပျင်းနေတယ် ။
ကလပ်လေးဘာလေး သွားချင်စိတ် ဖြစ်နေတယ် ။
အဲ့တာကြောင့် ကျော်လင်းည ကို အခွင့်အရေးလေး ဘာလေး တစ်ခါလောက် ထပ်ပေးသင့်မသင့် သူမ စဥ်းစားနေလိုက်တယ် ။
အဲ့တာနဲ့ပဲ ကျော်လင်းည ကို ဖုန်းဆက်လိုက်တယ် ။

How to Flirt with a CEO (Completed)Where stories live. Discover now