အခန်း (၄၂)

2.7K 186 22
                                    

အခန်း (၄၂)

ကားပေါ်ရောက်တော့ CEO က ငါ့ကို သူ့ဘေးမှာ ထိုင်ခိုင်းတယ် ။
ကားမောင်းသူရဲ့ ဘေးခုံပေါ့ ။
ငါက အစက ဇာတ်ညွှန်းဆရာ အဆင်​ပြေအောင် အနောက်ခန်းမှာ နှစ်ယောက်တူတူ ထိုင်လိုက်ဖို့ပဲ ။
ဒါပေမယ့် ချစ်သူတွေ ဖြစ်ပြီးပြီ ဆိုတော့ ငါ့အနေနဲ့ အဲ့လို မလုပ်သင့်ဘူးလို့ ငါတွေးမိတယ် ။
ဒီနေ့မှ ရည်းစားဖြစ်ကာစ ပူပူနွေးနွေး အတွဲ အနေနဲ့ တကွဲတပြား မထိုင်သင့်ဘူးမဟုတ်လား ။

အနောက်ခန်းမှာတော့ သခင်ငယ်လေး က ငုတ်တုတ်ထိုင်ပြီး သူ့အစ်ကိုကို စောင့်နေတယ် ။
ထိန်လျှံဝဠာ က နိုင်ထူးသွင် ပါ ပါလာတယ်ဆိုတာကို တွေ့တဲ့အခါ ချက်ချင်း မျက်နှာကြီးက ဖြီးပြီး ဝင်းလက်သွားတယ် ။
ဒါပေမယ့် သူ့မျက်နှာပိုးကို အမြန် ပြန်သတ်လိုက်ပြီး ကုတ်ကုတ်လေးပဲ ပြန်နေပြလိုက်တယ် ။

ဇာတ်ညွှန်းဆရာက ထိန်လျှံဝဠာ ကို တွေ့တော့ တုန့်ကနဲ ဖြစ်သွားတယ် ။
ငါလည်း ဇာတ်ညွှန်းဆရာ ရဲ့ ပုံစံကို မြင်သွားတော့ မသိချင်ယောင် ဆောင်နေဖို့ မဖြစ်တော့ဘူး ။

" သားကြီး... မင်း အဆင်မပြေရင် အရှေ့ခန်း သွားထိုင်လိုက်ပါလား ... ငါ အနောက်ခန်းမှာထိုင်ပြီး လိုက်ခဲ့မယ်လေ... "

ဆတ်ရိပ်ထင်က အဲ့လို ပြောလာတော့ နိုင်ထူးသွင် တစ်ချက်တော့ စဥ်းစားသွားတယ် ။
ဘာလို့လဲဆိုတော့ ဆတ်ရိပ်ထင် က ခုနကမှ CEO နဲ့ ချစ်သူတွေ ဖြစ်လာကြတာ မဟုတ်လား ။
အဲ့တာကို သူ့အနေနဲ့ အလိုက်မသိဘဲ အရှေ့ခန်း သွားထိုင်လို့ မဖြစ်ဘူးလေ ။

" အာ... ရတယ် သားကြီး... အဆင်ပြေတယ်... ငါပဲ အနောက်မှာ ထိုင်လိုက်မယ်... "

အဲ့လိုနဲ့ အရှေ့ခန်းမှာ ငါနဲ့ CEO နဲ့ တူတူ ထိုင်ကြပြီး အနောက်ခန်းမှာ ဇာတ်ညွှန်းဆရာ နဲ့ သခင်ငယ်လေးတို့ တူတူထိုင်ကြတယ် ။
အခြေအနေ လေထုက ထူးထူးခြားခြားပဲ တိတ်ဆိတ်ငြိမ်သက်နေတယ် ။
ငါလည်း ဘာစကားမှ ပြောဖို့ အဆင်မပြေသလို CEO ကလည်း ငါ့ကို ဘာစကားမှ မဆိုလာဘူး ။
နိုင်ထူးသွင် နဲ့ ထိန်လျှံဝဠာ တို့ဆီကလည်း ဘာစကားသံမှ မထွက်လာဘဲ တိတ်ဆိတ်နေကြတယ် ။
ကားပေါ် ထိုင်တာတောင်မှ နှစ်ယော​က်လုံးက ထောင့်လေးတွေ ကပ်ပြီး ယို့ယို့ကလေးတွေ ထိုင်နေကြလေတယ် ။

How to Flirt with a CEO (Completed)Where stories live. Discover now