အခန်း (၄၇)

2.4K 161 6
                                    

အခန်း (၄၇)

ဒီနေ့ ညနေလည်း ငါ့ကို CEO က ကုမ္ပဏီ ကနေ သူ့ကားနဲ့ပဲ ပြန်လိုက်ပို့တယ် ။
ငါ့ညီမ သက်သိမ့်ခင်က အိမ်ကို ပြန်လာတဲ့ ငါ့ကို ကြည့်ပြီး အထူးတဆန်း ဖြစ်နေတယ် ။
ဒီရက်ပိုင်းမှာ ငါက အရင်ကလို ကုမ္ပဏီ ကို ဖယ်ရီနဲ့ မသွားတော့တာကိုလည်း သူက သတိထားမိပုံရတယ် ။

" အကို... နင့်ကို ကြည့်ရတာ တစ်ခုခုတော့ မူမမှန်သလိုပဲနော်... CEO က နင့်ကို နေ့တိုင်း အကြိုအပို့တွေ လုပ်ပေးနေတယ်... မဟုတ်မှလွဲရော... ဧကန္တ... ငါထင်သလိုများ ဖြစ်နေမလား...  "

ငါ့ညီမက ဒီလို ကိစ္စတွေကို နားလည်နိုင်ပါ့မလားလို့ ငါတွေးမိတယ် ။
လိင်တူချင်း ကြိုက်တာကို ငါ့ညီမအနေနဲ့ ဆိုရင် ထူးဆန်းကောင်း ထူးဆန်းနေလိမ့်မယ် ။
ဒါပေမယ့် ငါနဲ့ CEO နဲ့ ကြိုက်တာကို ငါ့ညီမက ရိပ်မိတယ်ဆိုတော့ သူမရဲ့ ဆဌမအာရုံကတော့ အရမ်းကြီး ဆိုးဆိုးဝါးဝါး ပျက်စီးနေတာ မဟုတ်သေးဘူးပဲ ။

" ဧကန္တ... အကို... နင် CEO ကို တစ်ခုခုအပြစ်ပြုမိထားသေးလား... သူက နင် အရင်လို အကျင့်ယုတ်တာ တစ်ခုခု ထပ်ပြီး လုပ်မှာစိုးလို့ အကို့ကို အနီးကပ် စောင့်ကြည့်နေတာ မဟုတ်လား.... "

အရေးထဲ ကြံဖန်တွေးတတ်တဲ့ ငါ့ညီမကိုလည်း ငါ့မှာ လေးစားပြီးရင်း လေးစားရသေးတယ် ။
သူမအနေနဲ့ လိင်တူချင်း ကြိုက်တယ်ဆိုတာကို တွေးမိဖို့လောက်အထိ သူမရဲ့ ဦးနှောက်က up to date မဖြစ်သေးတာများလားလို့ ငါတွေးမိလိုက်သေးတယ် ။

" အာ... မဟုတ်ဘူး... ဒီလိုပဲ လမ်းကြုံလို့ လိုက်ပို့ပေးတာပါ... "

ငါက ငါ့ညီမကို ရှင်းပြမယ်ဆိုရင် အတော်လေး ရှင်းပြရဦးမှာ ။
အဲ့တာကြောင့် သူမကို အထူးတလည် လိမ်ပြောစရာ မလိုပေမယ့် ပြီးပြီးရော ပါးစပ်ထဲရှိတာကို လိမ်ပြီး ပြောလိုက်တာပဲ ဖြစ်တယ် ။

" အော်... အဲ့လိုလား... အဲ့လိုကျတော့လည်း CEO က သဘောကောင်းသားပဲနော်... ဒါနဲ့လေ အကို... ဒီတစ်လော ကျော်လင်းည က ညီမဆီ သိပ်ပြီး မလာတော့သလိုပဲနော် ... "

သက်သိမ့်ခင် ပြောမှ ငါလည်း သတိထားမိတယ် ။
ကျော်လင်းည က ဒီရက်ပိုင်း ငါ့အိမ်ကို ခဏခဏ မလာတော့တာ တကယ်ပဲ ဖြစ်တယ် ။
အရင်ကဆို အမြဲတမ်းလိုလို ချောင်းပေါက်မတက် လာနေတဲ့သူမျိုး ။
အခုကျတော့ သူက ငါ့အိမ်ကို ရောက်လာတာမျိုး မရှိတော့ဘူး ။

How to Flirt with a CEO (Completed)Where stories live. Discover now