အခန်း (၁၅)

5.1K 294 10
                                    

အခန်း (၁၅)

ငါ ကြည့်လိုက်တဲ့ အချိန်မှာ သခင်ငယ်လေး ထိန်လျှံဝဠာက အရက်တစ်ခွက်ကို ဖန်ခွက်ထဲ ငှဲ့ထည့်ပြီးနေပြီ ။
ပြီးတော့ သူက အေးအေးဆေးဆေးပဲ မတ်တပ် ထရပ်လိုက်တယ် ။
အောက်မှာ ထိုင်နေတဲ့ ဇာတ်ညွှန်းဆရာ ရဲ့ ရုပ်က အလွန်အမင်း ကြောက်ရွံ့နေသလိုပဲ ။
ပြီးတော့ နိုင်ထူးသွင် မျက်ရည်ကျနေတာကိုလည်း ငါမြင်လိုက်ရတယ် ။

ငါ့အတွက်တော့ နိုင်ထူးသွင် က ဟိုဘက်ကမ္ဘာက ရောက်လာတဲ့ တစ်ဦးတည်းသော လူပဲ ။
ငါ့ mission တွေကို သိပြီး ဒီဘက်ကမ္ဘာမှာ ငါ့ကို နားလည်​ပေးနိုင်တဲ့ တစ်ဦးတည်းသော လူဆိုလည်း ဟုတ်တယ် ။
တခြားလူတွေ ဒီဘက်ကမ္ဘာထဲ ရောက်မရောက်ကို ငါ မသိပေမယ့်ပေါ့ ။
ကြည့်ရတာ ထိန်လျှံဝဠာ က အဲ့အရက်တွေကို ဇာတ်ညွှန်းဆရာ ရဲ့ အပေါ်ကို လောင်းချမလို့ လုပ်နေပုံပဲ ။

" လောင်းချလိုက်တော့လေ... ထိန်လျှံ... လုပ်လိုက်တော့ကွ... "

ကျော်ဆင့်က ဘေးနားကနေ ထိန်လျှံဝဠာ ကို မြှောက်ပေးနေတယ် ။
ထိန်လျှံဝဠာ က အေးဆေးပါ ဆိုတဲ့ ပုံစံနဲ့ ခေါင်းဆတ်ပြတယ် ။
ပြီးတော့ လောင်းချဖို့ လက်ကို ရွယ်လိုက်တော့တယ် ။

အမှန်တော့ နေလျှံအာကာ က ဒီနေ့ညကို ကလပ်မှာ ကလပ်ပိုင်ရှင် ဇင်ငြိမ်း နဲ့ အတူတူ အလုပ်ကိစ္စ ဆွေးနွေးနေခဲ့တာ ။
သူတို့ ကလပ်မှာ ဆွေးနွေးနေတုန်း ဇင်ငြိမ်းဆီကို ဖုန်းဝင်လာတာ သိလိုက်ရတယ် ။

အဲ့တာက ကျော်လင်းည ရဲ့ ဖုန်းပဲဆိုတာ နေလျှံအာကာ တွေ့လိုက်ရတယ် ။
ကျော်လင်းည က ဇင်ငြိမ်း ကို အကူညီတစ်ခု တောင်းနေပုံရတယ် ။
နေလျှံအာကာ က ဘေးကနေ တစ်စွန်းတစ်စ ကြားနေရတယ် ။

" ငါ့အတွက် အရမ်းအရေးကြီးတဲ့ သူငယ်ချင်းကို ကူညီရမှာမို့လို့ သူနဲ့ငါနဲ့ ဝင်လို့ရအောင် အခုချက်ချင်း လုပ်ပေးကွာ " ဆိုတဲ့ အသံကိုလည်း နေလျှံအာကာ ကြားလိုက်ရတယ် ။
ကျော်လင်းည ဆိုတာ ဆတ်ရိပ်ထင် နားကို တောက်တဲ့လို လိုက်ကပ်နေတဲ့ ကောင်လေး မဟုတ်ဘူးလား ။

အဲ့တော့ အဲ့ကောင်လေးအတွက် အရေးကြီးတဲ့ လူဆိုတာဟာ ဆတ်ရိပ်ထင် ပဲ ဖြစ်ရမယ် ။
ဆတ်ရိပ်ထင် က ဘာလို့ ဒီကလပ်ကို ရောက်နေပါလိမ့်လို့ နေလျှံအာကာ တွေးနေမိတယ် ။

How to Flirt with a CEO (Completed)Where stories live. Discover now