အခန်း (၄၈)
နောက် နှစ်ရက် အကြာမှာပဲ ကုမ္ပဏီ က annual trip ထွက်ဖို့ ရှိလာလေတယ် ။
ဒါက ငါ့အတွက်တော့ အခွင့်အရေးကောင်းပဲ ။
ဒီခရီးစဥ်မှာ ငါ ဇာတ်ညွှန်းဆရာ ကို ကိုစံလင်းသစ် နဲ့ အောင်သွယ်ပေးဖို့ တွေးထားတယ် ။
ပြီးတော့ ဒီခရီးစဥ် အတွင်းမှာပဲ ဝေဦးနဲ့ ညီသုတ တို့ကိုလည်း ချစ်သူဖြစ်အောင် အောင်သွယ်ပေးရလိမ့်မယ် ။
ငါ့အတွက်တော့ အတော်လေး အစဥ်ပြေတဲ့ ခရီးစဥ်ပဲ မဟုတ်လား ။" ဆတ်ရိပ်... ခရီးစဥ်အတွက် အားလုံး အဆင်သင့် ဖြစ်ပြီ မဟုတ်လား... "
CEO က ငါနဲ့ နေ့လည်စာထွက်စားရင်း မေးလာတယ် ။
ငါက ခရီးသွားဖို့အတွက် ပြင်ဆင်တာကိုပဲ မေးတယ်လို့ ထင်နေတာ ။
အဲ့တာကြောင့် တက်ကြွစွာပဲ ပြန်ဖြေလိုက်တယ် ။" ခရီးဆောင်အိတ်ထဲကို အဝတ်တွေတောင် ထည့်ပြီးပြီ ကိုကို ရဲ့... ခရီးသွားဖို့ကလည်း နှစ်ရက်ပဲ လိုတော့တာ မဟုတ်လား... အခု သွားမယ့် နေရာက တောင်ပေါ်ဒေသ ဆိုတော့ အေးမှာလေ... အဲ့တာကြောင့် အနွေးထည်တွေလည်း ထည့်ထားတယ်... ကိုကိုလည်း နွေးနွေးထွေးထွေးရှိမယ့် အဝတ်အစားတွေ ရွေးထည့်နော်... "
ငါက သွက်သွက်လက်လက် ဖြေနေတော့ CEO က ငါ့ကို ကြည့်ရင်း မျက်နှာ ပူသလို ပုံစံမျိုး ဖြစ်ရင်းက ပြောလာတယ် ။
" အာ... ကိုယ်က အဲ့တာကို ပြောတာ မဟုတ်ဘူး... ဟို... ဟိုဟာကွာ... ခရီးသွားမယ်ဆိုတော့ တူတူ အိပ်ကြရမှာလေ... အဲ့တော့ ... "
CEO ရဲ့ စကားကြောင့် ငါ့ဦးနှောက်ထဲမှာ မီးအနီတွေ ဒိန်းကနဲ ဖြတ်သန်းသွားကြတယ် ။
ဟုတ်တာပေါ့ ။
CEO က ငါ့ကို သူ့ရဲ့ ချစ်သူပါ ဆိုပြီး ကုမ္ပဏီ တစ်ခုလုံးကို အသိပေးထားတာ ။
အဲ့တော့ ခရီးတူတူ ထွက်တဲ့အခါကျရင် အတူတူအိပ်ရမှာက ဖြစ်သင့်တဲ့ အရာပဲလေ ။" အဲ... အိပ်... အိပ်တယ်ဆိုတာ... အိပ်ရုံပဲဆိုရင်တော့ အဆင်ပြေပါတယ် ကိုကို... "
ငါက အထစ်ထစ် အငေါ့ငေါ့နဲ့ ပြန်ဖြေလိုက်တယ် ။
" ဒါပေမယ့် ချစ်သူတွေ ခရီးတူတူသွားရင် အိပ်ရုံပဲ အိပ်တယ်ဆိုတာ ဘယ်မှာ ရှိလို့လဲ... မဟုတ်ဘူးလား ဆတ်ရိပ်... "
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...