အခန်း (၅၀)
အပြွတ်လိုက် ပြန်ပေးဆွဲခံရတယ်ဆိုတာ မင်းတို့ ကြားဖူးကြသလား ။
မကြားဖူးကြရင် ငါ ပြောပြမယ် ။ထမင်းစားပြီးတော့ CEO က ငါ့ကို အိမ်ပြန်လိုက်ပို့တယ် ။
မနက်ဖြန် ခရီးထွက်မှာမို့ သေချာအနားယူဖို့တောင် မှာသွားသေးတယ် ။
အဲ့အထိက အားလုံး အေးအေးဆေးဆေးပဲ ။
ပြန်ပို့ပြီးတော့မှ CEO ရဲ့ မက်ဆင်ဂျာကနေ စာတစ်စောင် ဝင်လာတယ် ။
" ဆတ်ရိပ်... ကိုယ် surprise တိုက် စရာ ရှိလို့ လမ်းထိပ်ကို ထွက်လာခဲ့ပါဦး... " တဲ့ ။အမှန်တော့ CEO ရဲ့ အကောင့်က အဟက်ခံလိုက်ရတာ ။
အဲ့တာကို ငါက မသိလိုက်ဘူး ။
ငါဆိုတဲ့ကောင်က စပရိုက် ဆိုတာနဲ့ ဘာမှတောင် မတွေးတော့ဘူး ။
ငါ့ကို ရုပ်ရှင်တွေထဲကလို Will you marry me တွေ ဘာတွေ လုပ်မလားလို့တောင် တွေးမိလိုက်သေးတယ် ။
CEO ကို အတည်ပြုဖို့ ဖုန်းတောင် မဆက်တော့ဘဲ လမ်းထိပ်ကို တန်းထွက်သွားလိုက်တယ် ။လမ်းထိပ်လည်း ရောက်ရော ငါ့လိုပဲ လမ်းထိပ် ထွက်လာတဲ့ ဇာတ်ညွှန်းဆရာနဲ့ တွေ့လိုက်တယ် ။
ငါက ဇာတ်ညွှန်းဆရာကို လှမ်းနှုတ်ဆက်မလို့ လုပ်တုန်းမှာပဲ ဇာတ်ညွှန်းဆရာရဲ့ အနောက်ကို မျက်နှာမှာ mask အမည်း တွေ တပ်ထားတဲ့ လူသုံးယောက် ရောက်လာတယ် ။ငါက အစကတော့ Covid ကာကွယ်ဖို့အတွက် တပ်ထားကြတယ် ထင်နေတာ ။
နောက်တော့မှ ဒင်းတို့က ဇာတ်ညွှန်းဆရာကို အနောက်ကနေ အိတ်အမဲ ကြီးနဲ့ လှမ်းအုပ်လိုက်ကြတာကို တွေ့လိုက်ရတယ် ။
အဲ့တော့မှ ငါလည်း ပြန်ပေးဆွဲသမားတွေမှန်း သိတော့တာ ။" သားကြီး... မင်းအနောက်မှာ... "
ငါ လှမ်းပြောတုန်းပဲ ရှိသေးတယ် ။
ငါ့မျက်နှာကိုလည်း ငါ့အနောက်ကနေ နောက်ထပ် လူသုံးယောက်က အိတ်အမဲနဲ့ ထပ်လာစွပ်ကြတယ် ။
ငါ့မှာ အော်ဖို့တောင် အချိန် မရလိုက်ဘူး ။အဲ့အချိန်မှာပဲ ငါတို့အနားကို လူတစ်ယောက် ရောက်လာတယ် ။
အဲ့လူက အော်လိုက်တဲ့အသံကို ကြားလိုက်ရတယ် ။" ဟေ့ကောင်တွေ... မင်းတို့ ကိုကြီးကို ဘာလုပ်တာလဲ... လွှတ်လိုက်စမ်း... "
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...