အခန်း (၁၀)
နောက်တစ်နေ့ မနက်မှာတော့ ငါနဲ့ ငါ့ရဲ့ဗီလိန်လက်ထောက် ဝေဦး တို့ ဖွဲ့ထားတဲ့ ဗီလိန်များအဖွဲ့က အကျင့်ယုတ်ဖို့ အသင့်ဖြစ်နေခဲ့ပြီ ။
" ကိုဆတ်ရိပ်ထင်... ပစ္စည်း... ပစ္စည်း ပါလာရဲ့လား... "
ဝေဦးက ငါ ကုမ္ပဏီ ကို ရောက်တာနဲ့ ငါ့အနားကပ်ပြီး မချင့်မရဲ ပုံစံနဲ့ ခပ်တိုးတိုးမေးတယ် ။
ငါက လက်မ ထောင်ပြလိုက်ပြီး အိတ်ထဲက ဗူးကို ဝေဦးကို အသာအယာလေး လှမ်းပေးလိုက်တယ် ။
ဝေဦးက ကောက်ကျစ်တဲ့အပြုံးကြီးနဲ့ ပြုံးပြီး ဗူးကို လှမ်းယူလိုက်တယ် ။တကယ်တော့ ငါတို့နှစ်ယောက်ကသာ ကြီးကြီးကျယ်ကျယ် တွေ လုပ်နေကြတာပါ ။
အမှန်တော့ အဲ့တာက ရိုးရိုး ဝမ်းနှုတ်ဆေး ဗူးပဲ ။
ဒါပေမယ့် နည်းနည်းတော့ ပြင်းတဲ့ ဝမ်းနှုတ်ဆေး အမျိုးအစား ထဲ ပါတယ် ။ဝေဦးရဲ့ အကူအညီကို ယူရတယ် ဆိုတာလည်း တခြားကြောင့် မဟုတ်ဘူး ။
ငါ့ရဲ့ ဗီလိန်လက်ထောက်လေး က အမှန်တော့ တစ်ရုံးလုံးရဲ့ ခိုင်းဖတ် ။
တစ်ရုံးလုံးက ကော်ဖီတွေဆိုရင် သူပဲ ဖျော်ပေးရတာ ။
သူ့အဖြစ်က ငါနဲ့ ထူးမခြားနားပါပဲ ။အဲ့တော့ ဝေဦးက နှင်းဆီချို သောက်မယ့် ကော်ဖီထဲကို ဝမ်းနှုတ်ဆေး ထည့်ပေးလိုက်ရုံပဲ ။
နှင်းဆီချိုက အဲ့ကော်ဖီသောက်ပြီး ဗိုက်နာလာရင် အိမ်သာထဲကို ဖုန်းမယူဘဲနဲ့ အပြေးအလွှား သွားလိမ့်မယ် ။
အဲ့အခါကျ ငါတို့က သူ့ကို အပြင်ကနေ အိမ်သာတံခါးကို ပိတ်ပစ်ပြီး အိမ်သာပြုပြင်နေပါသည် ဆိုတဲ့ ဆိုင်းပုဒ်ကို အရှေ့မှာ ချထားလိုက်ရုံပဲ ။မနေ့ညက ငါပြောခဲ့တဲ့ ဗီလိန် မဟာ အစီအစဥ်ကြီးဆိုတာ အမှန်တော့ ဒီအစီအစဥ်ပဲ ။
ဝေဦးကတော့ ငါ့ရဲ့ ဉာဏ်နီဉာဏ်နက် တွေကို သဘောတွေကျပြီး ဆရာတွေ စွတ်တင်နေလေရဲ့ ။ခဏနေတော့ ဝေဦးက မျက်နှာမသာမယာနဲ့ ငါ့ဆီ မယောင်မလည် ရောက်လာတယ် ။
ပြီးတော့ CEO ရှိမရှိလည်း အကဲခတ်သေးတယ် ။
မရှိတာ သေချာတော့မှ ငါ့အနားကို ခပ်တိုးတိုးကပ်ပြောတယ် ။" ကိုဆတ်ရိပ်ထင် ... ဒီမနက် ကျမှ နှင်းဆီချိုက ကော်ဖီမသောက်ဘူးလုပ်နေတယ်... "
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...