အခန်း (၂၉)

2.3K 161 11
                                    

အခန်း (၂၉)

ထိန်လျှံဝဠာ တစ်ယောက် သူ့အစ်ကိုဆီကနေ ဇာတ်ညွှန်းဆရာ ကို အလုပ်ထွက်ခွင့် ပြုကြောင်း စကားကို ကြားလိုက်ရတဲ့အခါ လုံးဝကို ဆောက်တည်ရာမရ ဖြစ်သွားခဲ့တယ် ။
ထိန်လျှံဝဠာ က ဇာတ်ညွှန်းဆရာ အနားကို ထပ်ကပ်လာပြီး သူ့အစ်ကိုဘက်လှည့်ကာ ပြောလာတယ် ။

" ကိုကြီး... ဒီ ဒရိုင်ဘာကောင်ကို ဘာလို့ အလုပ် ထုတ်မှာလဲ... ထုတ်လို့မရဘူး... ကျွန်တော် ကိစ္စရှိလို့ သွားရမယ် လာရမယ်ဆို ဘယ်သူက မောင်းပို့ပေးမှာလဲ... "

" မင်းက အပြင်ထွက်ခွင့် တောင် အပိတ်ခံထားရတာကို ဘယ်ကို သွားလာဦးမှာလဲ... ပြီးတော့ နောက်လဆိုရင်ပဲ မင်း ကျောင်းပြီးလို့ ဘွဲ့ရတော့မှာလေ... ဒရိုင်ဘာမရှိရင် မသွားတတ်မလာတတ်တဲ့ ကလေးတစ်ယောက်လို ပြုမူမနေစမ်းနဲ့...  "

CEO ရဲ့ ဟောက်လိုက်တဲ့ စကားကြောင့် သခင်ငယ်လေးဟာ ဘာမှမပြောတော့ဘဲ အမြှီးကုပ်သွားခဲ့တယ် ။
ပြီးတာနဲ့ သူက နိုင်ထူးသွင် ဘက်ကို လှည့်ပြီး နိုင်ထူးသွင်ရဲ့လက်ကို ဆွဲပြန်တယ် ။

" ငါ့အခွင့်မရဘဲ မင်း ငါ့ဆီကနေ ထွက်သွားလို့ ရမယ် ထင်လို့လား... "

သခင်ငယ်လေးက ရှုံးနိမ့်နေမှန်းသိတာတောင် စကားကို အထက်ဆီးကနေ ပြောချင်နေတုန်းပဲ ။
အဲ့တာက တော်တော် အမြင်ကပ်စရာကောင်းနေတယ် ။
ဇာတ်ညွှန်းဆရာ ကတော့ ခပ်ဟဟ တစ်ချက် ရယ်လိုက်ပြီး သခင်ငယ်လေးရဲ့ လက်ကို အားနဲ့ ဆွဲဖြုတ်ပစ်လိုက်လေတယ် ။

" ငါက မင်းအစ်ကိုဆီကနေ အလုပ်ကို လက်ခံခဲ့တာ... အခုလည်း မင်းရဲ့အစ်ကိုဆီကနေ ခွင့်ပြုချက်ရပြီးတော့ အလုပ်ထွက်တာ... မင်းနဲ့ ဘာမှမဆိုင်ဘူး... "

ထိန်လျှံဝဠာ က အလျှော့ပေးချင်သေးပုံ မပေါ်ဘူး ။
နောက်တစ်ခါ ဇာတ်ညွှန်းဆရာ ရဲ့လက်ကို ထပ်ဆွဲဖို့ ကြံတယ် ။

" မင်း ဒီလို အရှက်မရှိ နောက်တစ်ခါ ငါ့လက်ကို လာထိရင် ငါ မင်းကို ဆွဲထိုးမိတော့မှာနော်... "

ဇာတ်ညွှန်းဆရာ ရဲ့ ခပ်မာမာ စကားကြောင့် သခင်ငယ်လေး သူ့ရဲ့ မာနကို ထိသွားပုံရတယ် ။
ချက်ချင်းပဲ ကိုင်ဖို့ကြံနေတဲ့ သူ့လက်ကို ရုတ်လိုက်တယ် ။

How to Flirt with a CEO (Completed)Where stories live. Discover now