အခန်း (၃၇)

1.8K 149 22
                                    

အခန်း (၃၇)

" ဆတ်ရိပ် ကိုယ့်ကို စဥ်းစား​ပေးမယ် မဟုတ်လားဟင်... "

CEO က ငါ့ကို ကြည့်ပြီး မေးလာတယ် ။
အမှန်ဆိုရင် ဘာ စဥ်းစားနေစရာ လိုသေးလဲ ။
ကျွန်တော်လည်း ချစ်ပါတယ် ဆိုပြီး တန်း အဖြေ​ပေးလိုက်ရုံပဲလေ ။

ဒါပေမယ့် ငါ ကြည့်ဖူးတဲ့ ရုပ်ရှင်တိုင်းလိုလိုမှာ အဲ့လို ရည်းစားစကား အပြောခံလာရရင် စဥ်းစားဖို့ အချိန်ပေးပါဦးဆိုပြီးတော့ မူကြတာချည်းပဲ ။
ဘယ်သူမှ တန်းပြီး အဖြေပေးတယ်ဆိုတာ ငါ မမြင်ဖူးဘူး ။
အဲ့တော့ ငါလည်း နည်းနည်းလောက်တော့ မူကြည့်လိုက်ဦးမယ်လို့ တွေးလိုက်တယ် ။

ဒါပေမယ့် အများကြီးတော့လည်း မမူရဲသေးဘူး ။
တော်ကြာ CEO က ပြောပြီးသားကို ပြန်ရုတ်သိမ်းပါတယ် ဆိုပြီး လုပ်နေမှ ဟုတ်ပေ့ ဖြစ်နေဦးမယ် ။
အဲ့တော့ ငါလည်း ချင့်ချင့်ချိန်ချိန်ပဲ အဖြေပြန်ပေးလိုက်တယ် ။

" ဟို... ကျွန်တော့်ကို နည်းနည်းလောက် စဥ်းစားချိန်လေး ပေးပါဦးလားဟင်... "

" ရတယ်လေ... ဆတ်ရိပ် ဘယ်နှလ စဥ်းစားချင်လဲ... ကိုယ်စောင့်ပေးမယ်... "

အမလေး... ငါက ရူးနေလို့ လနဲ့ချီပြီး စဥ်းစားနေရဦးမှာလား ။
ရက်ပိုင်း ဆိုရင်တောင် လွန်လှနေပြီလေ ။
ဒီ CEO က အဲ့လောက်တောင် စိတ်ရှည်နိုင်တာလား ။
ငါကတော့ အဲ့လောက် ထိ စိတ်မရှည်နိုင်ဘူး ။
ငါလည်း ပါးစပ်နဲ့ မပြောချင်လို့ လက်ငါးချောင်းပဲ ထောင်ပြလိုက်တယ် ။

" ငါးလ လား... ဆတ်ရိပ် က ငါးလ ကြာအောင် စဥ်းစားချင်တာလား... "

ငါ လည်း စိတ်မရှည်တော့ဘူး ။
ခေါင်းခါပြီး ချက်ချင်း ပြန်ဖြေလိုက်တယ် ။

" မဟုတ်ဘူး... ငါးမိနစ်လောက်ပဲစောင့်... ကျွန်တော် လမ်းတစ်ပတ်လျှောက်ပြီး စဥ်းစားကြည့်ပြီးရင် အဖြေပြန်ပေးမယ်... "

ငါ့ဆီက အဖြေကို ကြားတော့ CEO က ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ငါ့ကို ကြည့်တယ် ။
သူ ငါးမိနစ်ဆိုတာကို မျှော်လင့်ထားခဲ့ပုံ မရဘူးလို့ ငါထင်တယ် ။
ငါလည်း ခပ်တည်တည်ပဲ CEO ရှေ့ကနေ လှည့်ထွက်လာလိုက်တယ် ။
မထွက်လာလို့လည်း မရတော့ဘူး ။
ငါ CEO ကို တော်တော်လေး မျက်နှာပူနေပြီ ။

How to Flirt with a CEO (Completed)Where stories live. Discover now