အခန်း (၂၅)

3.5K 211 26
                                    

အခန်း (၂၅)

ဒါနဲ့ ငါ အခုမှ သတိထားမိတယ် ။
System က ငါ့ကို စကားလာမပြောတာ ကြာပြီပဲ ။
အရင်တုန်းကဆိုရင် ငါက သွားမပြောရင်တောင် ဒင်းက ငါ့ကို လာလာပြောနေကျ ။
အဲ့တာနဲ့ ငါလည်း သူ့ မက်ဆင်ဂျာကို သွားကြည့်လိုက်တော့ ဒင်းက offline ဖြစ်နေတယ် ။

ငါလည်း စာပြန်လို စာပြန်ငြား သူ့ကို စာပို့ကြည့်လိုက်တယ် ။
အမှန်တော့ ဒီနေ့ည CEO ကို ဖွင့်ပြောမယ့် ကိစ္စ အောင်မြင်နိုင်ချေ ရှိမရှိ သိချင်လို့သာ ဒင်းကို ရှာရတာ ။
မဟုတ်ရင် ငါလည်း System ရှိနေတယ် ဆိုတာကိုတောင် ခပ်မေ့မေ့ရယ် ။

" ဟေး... System... မင်း ဘယ်ရောက်နေတာလဲ... "

ငါ စာပို့လိုက်တော့ ချက်ချင်းပဲ Reply ပြန်လာတယ် ။

" ဤစာသည် Auto Reply ဖြစ်ပါသည် ။ ယခုအကောင့်ပိုင်ရှင်သည် ' ကျန်းရှီးချီး ' ' တိုက်ရှင်းရီ ' ' ချင်းရန် ' စသည့် မင်းသမီး သုံးယောက်က သူ့အား အပြိုင်လုကြမည့် ဇာတ်လမ်းတို သွားရောက် ရိုက်ကူးနေပါသဖြင့် လိုင်းပေါ်တွင် မရှိပါ ။ ပြောလိုသည်များကို ပြောခဲ့နိုင်ပါသည် ။ ကျေးဇူးတင်ပါသည် ။ (မှတ်ချက် ။ ဆဲခဲ့လျှင် ဘလော့မည် ။) "

ငါ့မှာ System ကောင်ရဲ့ သောက်ပေါက်ကရ Auto Reply ကြီးကို ဖတ်ပြီး စိတ်ပါ ညစ်သွားရတယ် ။
ဒီကောင်က သူကသာ ဘာမှ မဟုတ်တာ ။
လေကြီးလေကျယ်တွေဆိုရင် ​ပြောဖို့ဆိုရင် ဒင်းက ထိပ်ဆုံးကပဲ ။

ဒါနဲ့ ငါလည်း ဘာမှ မတွေးတော့ဘဲ ညဘက် ဘားကို သွားဖို့ကိုပဲ ပြင်ဆင်နေလိုက်တော့တယ် ။
နောက်ခါလာ နောက်ခါ ပွဲစင် ကြည့်က ရမယ် လို့ပဲ ငါ တွေးထားလိုက်တော့တယ် ။

ညဘက် ဘားကို ငါတို့ရောက်သွားတော့ CEO က မရောက်သေးဘူး ။
မွေးနေ့ရှင်ဆိုတော့ ထုံးစံအတိုင်း နောက်ဆုံးမှ ရောက်လာမှာ နေမှာပေါ့ ။

ထင်တဲ့အတိုင်းပါပဲ ။
CEO က နောက်ဆုံးမှ ရောက်လာတယ် ။
ရောက်လာတာမှ တစ်ယောက်ထဲ မဟုတ်ဘူး ။
ဟို နှင်းဆီချိုမနဲ့ တူတူ ရောက်လာတာ ။
နှင်းဆီချို က နေလျှံအာကာ ရဲ့ လက်မောင်းကို ချိတ်ထားသေးတာကို ငါမြင်လိုက်ရတယ် ။

နှင်းဆီချိုမက အကောင်းတော့ အတော် ကြိုက်တတ်သား ။
အဲ့လက်မောင်းတွေကို မလွတ်တမ်းကို ချိတ်ထားလိုက်တာများ ။
အဲ့လက်မောင်းတွေက မာဆယ်တွေနဲ့ မာကျစ်နေပြီး ဘယ်လောက် ချိတ်ထားလို့ ကောင်းသလဲဆိုတာကို ငါ သိတာပေါ့ ။

How to Flirt with a CEO (Completed)Where stories live. Discover now