chapter 146

78 10 0
                                    

Chapter 146 sister in law
Chapter 146December 25, 2023
(ငတုံးလုံခြုံရေး)

ကောရှန်းက စုမုန့် လာမည်ဆိုသည်ကို ကြားလျှင်၊ သူက အမြန်ရှင်းပြသည်။

"ဆရာ ဒုက္ခရောက်နေတာ မဟုတ်ပါဘူး... ငါ့ သူငယ်ချင်းဟောင်းတစ်ယောက် ဒုက္ခရောက်နေတာ…သူ ငါ့အကူအညီလိုတယ်…စိတ်မပူပါနဲ့ ဆက်ပြီး ဆေးကုဦး…မင်း ရှောင်ပိုင်ကို ခဏလောက် စောင့်ရှောက်ပေးနိုင်မလားလို့ မေးချင်တာပါ"

ကောရှန်း ၏ပြဿနာမဟုတ်ကြောင်းကြားမှ စုမုန့် စိတ်သက်သာရာရသွားသည်။

“ရပါတယ်၊ ကျွန်မက သီးသန့် လူနာဆောင်မှာ နေနေတာ…ရှောင်ပိုင်ကို သော့နဲ့ခတ်ထားပြီး ဘယ်မှ ပြေးမရအောင် လုပ်ထားရင် အဆင်ပြေပါတယ်"

စုမုန့် သည် ရှောင်ပိုင်ကို ဂရုစိုက်နိုင်သည်ကို မြင်လိုက်ရသဖြင့် ကောရှန်းက သက်ပြင်းချလိုက်သည်။

"အဲဒါကောင်းတယ်…ငါ ရှောင်ပိုင်ကို အခုပဲ လာပို့လိုက်မယ်…ရှန့်ကျန်းကို အကူအညီ တောင်းချင်ပေမယ့် ဒီကလေးက သူ့ဟာသူတောင် ဂရုစိုက်နိုင်တာမဟုတ်ဘူး...စကားမစပ်၊ မင်းပြန်ကောင်းလုနီးပါးဖြစ်နေပြီဆိုတော့ အချိန်ရရင် သူ့ကိုသွားပြုစုလိုက်ပါ...  သူက မင်းကိုကယ်ဖို့ကြိုးစားရင်း ဒဏ်ရာအပြင်းအထန်ရသွားတာမလား”

"စိတ်မပူပါနဲ့ ကျွန်မသိပါတယ်"

စုမုန့်က သဘောတူလိုက်ပြီးနောက်  ဘေးဘီကိုလှည့်ပတ်ကြည့်ရှုပြီး ကောရှန်း အား သူမဘယ်မှာရှိနေသည်ကို ပြောပြလိုက်၏။

"အဘိုး...ကျွန်မ အခု ဆေးရုံမှာ မဟုတ်ဘူး.. ဝေ့မိသားစုရဲ့ ဗီလာမှာ"

ကောရှန်း သည် စုမုန့် စကားကိုကြားသောအခါ စကားခဏရပ်သွားသည်။အချိန်အတော်ကြာပြီးနောက် သူက သူမကို လေးနက်စွာ မေးသည်။

"ကောင်မလေး... မင်း သူ့ကို မလွှတ်နိုင်သေးဘူးလား…ဒါပေမယ့် မပူပါနဲ့ ဆရာက မင်းကို အတင်းအကြပ်မလုပ်ခိုင်းပါဘူး…ဒီကာလတစ်လျှောက်လုံး မင်းက အရမ်းရင့်ကျက်လာပြီဆိုတာကို ဆရာ သဘောပေါက်ပါတယ်...မင်း ဘာလုပ်ရမယ်ဆိုတာ သေချာသိတယ်မလား... စိတ်မပူပါနဲ့၊လုပ်သာ လုပ်လိုက်… တစ်ခုခုဖြစ်ရင် ဆရာ မင်းနောက်မှာ ရှိနေမယ်”

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now