Chapter 149 sister in law
Chapter 149December 25, 2023စုမုန့် သူမ၏ လက်ကိုမြှောက်လိုက်ကာ ဝေ့ထင်ကို ရိုက်ရန်ရွယ်လိုက်သည် ။ သူမလက်ဖဝါးသည် သူ၏မျက်နှာဘေးတွင် ရှိနှင့်နေပြီဖြစ်ပြီသော်လည်း သူရှောင်ရန် စိတ်ကူးပင်မရှိခဲ့ချေ ။သူမ၏ လက်သည် ဝေ့ထင်၏ မျက်နှာအား ထိခါနီးအချိန်၌ပင် စုမုန့်ရုတ်တရက် ရပ်တန့်လိုက်ကာ ပြန်ဆွဲယူလိုက်သည် ။
ထိုအရာသည် စုမုန့် သူ့အားမရိုက်ရဲခြင်းမဟုတ်ပေ ။သို့သော် ဝေ့ထင်အား သူမ၏ စိတ်ခံစားချက် အတက်အကျကို မသိစေလိုပေ ။
ဤအနမ်းသည် သူမ၏ အတိတ်ဘဝကသာဆိုလျှင် သူမ အသက်ကိုပင်ပေးရလောက်အောင် ပျော်ရွှင်ရလိမ့်မည် ဖြစ်သည် ။ ကံမကောင်းစွာဖြင့် ဤဘဝတွင် ထိုကဲ့သို့သောကိစ္စများကို သူမဆက်ဂရုစိုက်မနေတော့ပေ ။ထိုတခဏတွင် စုမုန့်သည် သူမ၏ နှလုံးသားထဲတွင် ရောထွေးနေသောခံစားချက်တို့ကို ခံစားလိုက်ရသည် ။ သူမ မကျေမနပ်ဖြစ်နေခဲ့သည် ။
စုမုန့်၏တိတ်ဆိတ်နေခြင်းအား အခွင့်ကောင်းယူကာ နောက်ဆုံးတွင် ဝေ့ထင် ရှင်းပြရန် အခွင့်အရေးရလိုက်သည် ။
"မင်းဘယ်ကကြားခဲ့တယ် ဆိုတာကိုယ်မသိဘူး ...ဒါပေမယ့် ကိုယ်နဲ့ ဝေ့ရွှယ်နဲ့ကြားမှာ မောင်နှမဆက်ဆံရေးပဲရှိတယ်ဆိုတာ အာမခံရဲတယ် ...သူမ ငယ်ငယ်လေးထဲက ဝေ့မိသားစုထဲကို ခေါ်လာခံရပြီးတော့ သူကြီးပျင်းလာတာကို ကိုယ်ကြည့်ခဲ့ရတာ ...သူမ အပေါ်မှာဘယ်လိုလုပ် အဲ့ဒီလိုမသင့်တော်တဲ့ ခံစားချက်မျိုး ထားနိုင်မှာလဲ ..."
" ထပ်ပြောရရင် ဝေ့မိသားစုတစ်ခုလုံး ကိုယ်ပဲဖြစ်ဖြစ် ၊ ကိုယ့်မိဘတွေပဲဖြစ်ဖြစ် ၊ ကိုယ့်အဖိုးပဲဖြစ်ဖြစ် သူမကို ကိုယ်တို့သွေးသားအရင်းတစ်ယောက်လိုပဲ ဆက်ဆံခဲ့တာ ကိုယ်သူ့ကို အရမ်းသဘောကျပါတယ် ...ဒါပေမယ့် အဲ့ဒါက ညီမအရင်းတစ်ယောက်လိုပဲ ...အဲ့ဒါက ကိုယ့်မိဘတွေ ၊ ကိုယ့်အဖိုးတွေကို သဘောကျတဲ့ ခံစားချက်နဲ့ တူတူပဲ အဲ့ဒါအပြင် ကိုယ်က ကိုယ့်ရဲ့ ညီမကိုပြန်ပြီး ပစ်မှတ်ထားနေမယ့် လူမဆန်တဲ့ကောင်မဟုတ်ဘူး ..."
" ဝေ့ထင် ဆိုတဲ့ကိုယ်က တစ်စုံတစ်ယောက်အတွက် ကိုယ့်ရဲ့ခံစားချက်တွေကို ဘယ်တော့မှ ဖုံးကွယ်ထားမှာလည်းမဟုတ်သလို ကိုယ့်ကိုဒိုင်းကာအနေနဲ့ ကာကွယ်ပေးဖို့ တတိယလူကိုလည်း ရှာမှာမဟုတ်ဘူး ကိုယ်တစ်ယောက်ယောက်ကို ချစ်နေသမျှ သူမက ကိုယ့်အပိုင်ပဲဆိုတာ အကုန်လုံးကို သိစေမှာ... "
YOU ARE READING
ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်
Historical FictionAfter being reborn I tortured the vicious sister in law