chapter 143

65 3 0
                                    

Chapter 143 sister in law
Chapter 143December 24, 2023
(လူတစ်ယောက်နဲ့ ဖက်နေတယ်.. )

စုမုန့် ပြောပြီးသွားသည့်အခါ ကောင်မလေးတွေအားလုံး ကျေနပ်သွားသည်။ သို့သော်လည်း၊ဝေ့ရွှယ်  မျက်နှာကတော့ သိပ်မကောင်းချေ။  စုမုန့် ပြောသမျှကို သူမ အားလုံးနီးပါးသိသည်။ယခုဆို ကောင်မလေးတွေကပါ ဝေ့ထင် အကြောင်းကို နားလည်သွားကြပြီဖြစ်သည်။သူမ မပျော်သော်လည်း အပြင်ပန်း၌ ချိုမြိန်သော အပြုံးတစ်ခု ဟန်လုပ်ထားလိုက်သည်။

"မေးပြီးပြီဆိုတော့ အတူတူ ဓာတ်ပုံရိုက်ရင် ဘယ်လိုလဲ..." ဝေ့ရွှယ်က အကြံပေးသည်။ "ဒါပေမယ့် ဘယ်သူက ခလုတ်နှိပ်မှာလဲ"

သူမ ဘေးပတ်ပတ်လည်ကို လှမ်းကြည့်ကာ နောက်ဆုံးတွင် ရှောင်ရှောင် ကို စိုက်ကြည့်လိုက်သည်။ထို့နောက် သူမက ရှောင်ရှောင်ကိုဆွဲခေါ်လာပြီး

"ကဲ နင်က ဓာတ်ပုံရိုက်ဖို့ ကူညီပေး"

ရှောင်ရှောင်သည် လူတိုင်းနှင့်အတူတွဲ၍ ဓာတ်ပုံရိုက်ချင်သောကြောင့် ငြင်းဆန်ချင်စိတ်ဖြစ်မိသည်။သို့သော် ဝေ့ရွှယ်သည် သူမကို အားလူံနှင့် ဓာတ်ပုံအတူရိုက်ခွင့်မပြုရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။ ထို့အပြင်၊ဝေ့ရွှယ်သည် သူမအား လည်ဆွဲပေးခဲ့သူပင်။ ထိုကဲ့သို့ တန်ဖိုးကြီးသော လက်ဆောင်ကို ရရှိပြီးနောက်၊ ယခုလို ကိစ္စအသေးအမွှားကြောင့် ဝေ့ရွှယ် အား ငြင်းဆန်ရန်မဖြစ်နိုင်၍ သူမလည်း တုံ့ဆိုင်းစွာ သဘောတူခဲ့ရသည်။

"နင့်မှာ ကင်မရာရှိလား...ဒါမှမဟုတ် နင့်ဖုန်းကို ပေးလေ"

ရှောင်ရှောင်က ဝေ့ရွှယ်ကို ပြောလိုက်သည်။သို့သော် ဝေ့ရွှယ်က ခေါင်းယမ်းကာ ငြင်းဆိုသည်။

“ငါတို့က ဓာတ်ပုံနှစ်ပုံပဲ ရိုက်မှာ...ကင်မရာရှာရတာကလည်း မလွယ်နေဘူး...ငါ့ဖုန်းကလည်း ဘက်ထရီကုန်နေတယ်...နင့်ဖုန်းကို ခဏ သုံးမယ်လေ"

ရှောင်ရှောင် အနည်းငယ် စိတ်ရှုပ်သွားပုံရသည်။ထိုအခါ ဝေ့ရွှယ်က သူမကို ခပ်စူးစူးတစ်ချက်ကြည့်ကာ

"ဘာဖြစ်နေတာလဲ...ဒေါ်လာတစ်သိန်းတန်တဲ့ လည်ဆွဲကို နင့်ကို ပေးထားတာနော်...နင်က  ငါတို့အတွက် ဓာတ်ပုံနည်းနည်းလေးတောင် ရိုက်မပေးချင်ဘူးလား"

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now