Chapter 3

3.2K 220 5
                                    

"ငါ တွန့်တိုတတ်နေပြီလား ကိုယ့်ဘာသာကိုယ်ဆန်းစစ်ရမယ်။ ကြော်ငြာလက်ခံရိုက်ကူးတာက သူ့လိုရုပ်ရှင်မင်းသားတစ်ယောက်အတွက် ပုံမှန်ကိစ္စတစ်ခုပါပဲ။ ဒါကို ငါကောင်းကောင်း သိနေတာတောင် မစ္စတာရှုကို AK အတွက် ကြေညာမရိုက်စေချင်သေးဘူး။"

-ဂျိုဂျို၏ အိမ်ထောင်ရေး ဒိုင်ယာရီ

အခုတင် ကျန့်ကျားကျားက ပြောနေပြီ။

"ရှုရီယန် ZK တံဆိပ်ကိုကြော်ငြာတာ နှမြောစရာပဲ။သူသာ AK ကိုကြော်ငြာရင် ကောင်းမှာ။"

ချောင်ဟွေ့လည်းမနေနိုင်တော့ဘဲ Weibo ကိုတိတ်တဆိတ်ဖွင့်၍ လင်းယန် ၏အကောင့်ကိုနှိပ်ကာ လင်ယန်၏ကြော်ငြာ video ဖိုင်ကို လေ့လာကြည့်လိုက်သည်။

အစပိုင်းတွင်တော့ ကြော်ငြာကသိပ်မကြမ်း။နောက်ပိုင်း လူရှာအများဆုံးစာရင်းတွင် အကြိမ်ပေါင်းများစွာရောက်ရှိလာချိန်မှာတောင် ချောင်ဟွေ့ကတော့သာမန်ကာလျှံကာသာ ကြည့်ဖြစ်ခဲ့သည်။ အနီးကပ် zoom ချဲ့ကြည့်တာတွေမလုပ်ခဲ့။ လင်းယန်သည် နှုတ်ခမ်းနီမများ၏အသဲစွဲဖြစ်သော်လည်း ချောင်ဟွေ့ကတော့ လင်းယန်၏ fan တစ်ယောက်မဟုတ်ပေ။ အများဆုံး သူ့ကိုသတိထားမိသူတစ်ယောက်မျှသာ ဖြစ်လိမ့်မည်။

video ကိုကြည့်နေတုန်း ကျန့်ကျားကျားပါးစပ်ကနေ " ဆွဲဆောင်မှု ရှိလိုက်တာဟယ်။" ၊ "ဘယ်သူကများတောင့်ခံနိုင်မှာတဲ့လဲ။" ၊ " သူ့ကောင်မလေးတော့ ဒီညအိပ်လို့ရမှာမဟုတ်ဘူး။" ၊ "ဒီဟာကိုကြည့်ရုံနဲ့တင် ငါဘာလို့ အမြဲပါးစပ်အဟောင်းသားဖြစ်နေမိတာလဲ။" စသည်ဖြင့် ပေါက်ပေါက်ဖောက် ရေရွတ်နေသော်ငြားလည်း သူ(မ)ကတော့ ဂရုပင်မစိုက်ခဲ့။

ကြော်ငြာ video ကို စက္ကန့်မလပ်သေချာကြည့်ပြီးသည့်နောက် ချောင်ဟွေ့ နားလည် လိုက်သည်က သူ(မ)အရမ်းငယ်သေးသည် ဆိုတာကိုပင်။

Video ထဲက ကောင်လေးက ငွေအဆင်းသဖွယ်မီးခိုးရောင်ဆံပင်တိုလေးနှင့် ပြုံး လိုက်သည့်အခါတွင် ပါးနှစ်ဖက်၌ ပါးချိုင့် လေးများပေါ်လာသည်။

သည်ခေတ်မိန်းကလေးများ အသည်းစွဲတတ်သော ယောကျ်ားချောအမျိုးအစားမျိုး ဖြစ်သည်ကား ထင်ရှားလှပေသည်။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Where stories live. Discover now