"မစ္စတာရှုနဲ့ ညဘက်သရုပ်ဆောင်ကျင့်ရတာ နည်းနည်း စိတ်လှုပ်ရှားစရာကောင်းတယ်။"
- ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ
ကျန်းဆုလီ ထောင့်တွင်စောင့်နေစဉ် စားပွဲထိုးတစ်ယောက် အနားကဖြတ်တာနှင့်ကြုံ၏။
စားပွဲထိုးဝန်ထမ်းက ယဉ်ကျေးပျူငှာစွာဖြင့်မေးလာသည်။
"ဘာကူညီပေးရမလဲခင်ဗျ။"စားပွဲထိုးဝန်ထမ်းရုတ်တရက်ပေါ်လာတာကြောင့် ကျန်းဆုလီ လန့်ဖျပ်သွား၏။ သူ(မ)က အသက်ဝအောင်ရှူလိုက်ပြီး ဘာမှမထူးခြားသည့်ပုံဖြင့်
"မလိုပါဘူး။ကျေးဇူးပါ။"စားပွဲထိုးက စပ်စုချင်ပုံမရပါ။ ခေါင်းညိတ်ပြပြီး ချက်ချင်းထွက်သွားလေသည်။
မည့်သည့်အချိန်ကတည်းကပွင့်နေမှန်းမသိသော လျှောက်လမ်း၏အဆုံးရှိပြတင်းပေါက်မှတစ်ဆင့် လေအေးများဝင်ရောက်လာ၏။မတ်လပင်ရောက်ပြီဖြစ်သော်လည်း နှင်းများကျဆဲပင်ဖြစ်သည်။ ပြတင်းပေါက်မှကြည့်လျှင်တော့ နှင်းများဖုံးလွှမ်းနေသောမြို့၏ အလှအပကိုတွေ့နိုင်၏။
ကျန်းဆုလီက သူ(မ)လက်မောင်းများကိုပွတ်သပ်လိုက်သည်။ ရာသီဥတုဥတုက အလွန်အေးလေသည်။
သို့သော် သူ(မ)အခန်းမပြန်ပါ။ ရှုရီယန်အခန်းဆီလာမည့်သူကို သူ(မ)တွေ့ချင်သေး၏။
...
ချောင်ဟွေ့ ညနေကပေးထားသော alarm မြည်လာပြီဖြစ်သည်။
ချောင်ဟွေ့တစ်ယောက် သူ(မ)သရုပ်ဆောင်ရမည့်ဇာတ်ကောင်နေရာတွင် ဈာန်ဝင်စားကြည့်နေခဲ့သည်။ ထို့ကြောင့် နာရီ alarm သံက သူ(မ)ကို လန့်ဖျပ်သွားစေ၏။ ထိုတော့မှ အချိန်တွေမည်သို့ကုန်ဆုံးသွားမှန်းပင်မသိလိုက်ဘဲ ည ၁၁ နာရီထိုးပြီဖြစ်ကြောင်း သတိထားမိတော့သည်။
နှာခေါင်းစည်း၊ ဆွယ်တာ၊ သိုးမွှေးဦးထုပ်နှင့် ချည်သား ကုတ်တစ်ထည်ကိုပါ ထပ်ဝတ်လိုက်၏။
အရေးကြီးဆုံးပစ္စည်းဖြစ်သည့် ဇာတ်ညွှန်းစာရွက်ကိုလည်း မေ့၍မဖြစ်ပါ။ ဒီည ရှုရီယန်ဆီသွားရမည့် အဓိကရည်ရွယ်မှာ ဇာတ်ညွှန်းကြောင့်ဖြစ်သည်။ ဖုန်းကို အိတ်ထဲထည့်ပြီးနောက် မေ့ကျန်ခဲ့နိုင်သည့်ပစ္စည်းများကို ပြန်လည်စစ်ဆေးလိုက်ကာ တံခါးဖွင့်၍ထွက်လာခဲ့တော့သည်။
STAI LEGGENDO
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Storie d'amoreချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...